"မဖြစ်နိုင်ဘူး"
စားပွဲပေါ်ဖိုင်တွဲပြုတ်ကျသံက အလုံပိတ်အခန်းပဲ့တင်သံထပ်သွားသည်။
"ကျွန်တော်အဆင့်မမီသေးမှန်းနားလည်ပါတယ်၊ဒါပေမယ့်"
"ဒါပေမယ့်ရယ်လိုမရှိဘူးလင်းရှိန်" ဇော်ဦး သူရှေ့ကတပည့်ကိုစိတ်မကောင်းစွာကြည့်ပြီး
"အဲ့ဒီနေရာကိုမင်းကတခြားလူတွေထက်ပိုသိနေတာဘဲ ဒီနေရာမှာရပ်လိုက်ကြရအောင်။"တိတ်ဆိတ်မှုကတခဏတာကြာသွားလေသည်။
မထွက်သွားသေးပဲ ခေါင်းငုံ့နေတဲ့လင်းရှိန်ကိုထပ်ငေါက်မလိုပြင်နေစဉ် လေသံနိမ့်နိမ့်က"၁နှစ်နဲ့၁၅ရက်ရှိပြီ၊ ကျွန်တော်အတွက်ဒီဟာကအသက်ထက်အရေးကြီးတာမလို့ သဲမှုန့်တစ်မှုန့်စာလောက်အခွင့်ရေးရှိမယ်ဆိုရင်တောင် ကြိုးစားမှာမလို့၊ တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်ပြုပေးပါ.."
ဇော်ဦး သက်ပြင်းချ၍ခေါင်းကိုက်သွားသလိုခံစားရသည်။ပုန်ကန်တတ်တာ ကလေးတွေသဘာ၀များလား၊ ဒီတစ်လထဲ အခါ၅၀ခန့်သွားဖို့ခွင့်ပြုချက်လာတောင်းတတ်ပြီးငြင်းဆန်လိုက်သော်လည်းလက်မလျော့ ထို့ကြောင့်ဆုံးဖြတ်တစ်ခုကိုမြန်ဆန်စွာချလိုက်သည်။
"၀င်ခွင့်အတွက်အထက်ကိုတင်ပေးမယ် မင်းကြိုးစားနိုင်ခဲ့ရင်ဒီနှစ်လ သုံးလအတွင်းလိုချင်တာရလောက်မှာပါ၊ အခုငါ့ရှေ့ကထွက်သွားတော့။"
"ဆရာ.."
"နှစ်ခါမပြောရချင်ဘူး"
လင်းရှိန် ခါးသီးသောခံစားချက်များနှင့်အတူ ကျောခိုင်းထွက်လာသည်။ အရေးကြီးတဲ့တချို့အရာများဟာဆုံးရှုံးသွားလေပြီ
တောင်းပန်ပါတယ် အဆုံးသတ်အထိနောင်တမရမှာမလို့
အဆောင်ကနေ ကန်တင်းသို့သွားတိုင်း လူနာတွေနေသောနေရာရှေ့ကနေဖြတ်သွားရတာဖြစ်ပြီး သွားတိုင်းမှာလည်း သက်ပြင်းချရတာအခါခါ အကြိမ်ပေါင်းမနည်း။အဘယ်ကြောင့်ဆိုသော ကလေးဆန်ဆန်မျက်နှာဖြင့်တစ်မျိုးချောပြီးကြည့်ကောင်းတဲ့သူကိုအမြဲမြင်ယောင်လာမိတာကြောင့်ပင်။
