Park Sunghoon ၏ ဘဝတွင် လူတစ်ယောက်ကို ငေးကြည့်နေရတာမျိုးနဲ့ အသားကျခဲ့၏။
မူမမှန်တဲ့ နှလုံးခုန်သံမျိုးကို စပြီး သတိထားမိတဲ့ အရွယ်ကတည်းက အဲ့လူတစ်ယောက်ကိုပဲ ငေးကြည့်နေခဲ့တာ။
သူနဲ့အနီးဆုံးမှာရှိတဲ့ လူတစ်ယောက်ကို အဝေးဆုံးမှာ ရှိနေသလိုမျိုး။ရှေ့လည်းမတိုးရဲ။ နောက်လည်းမဆုတ်ရဲ။ သူ့အဖြစ်က ဒီအတိုင်းလေးပဲ။
အဲ့လူက သူ့ကို ပြုံးပြတဲ့အခါတွေလည်း ရှိသည်။ သူ့အနားကပ်ပြီး စကားတွေ ဖောင်ဖွဲ့နေတတ်တဲ့အချိန်မျိုးတွေလည်း ရှိသည်။ သူ့ကို အော်တဲ့အခါ ရှိသည်။ စိတ်ဆိုးတဲ့အခါတွေလည်း ရှိသလို သူ့ကို မေတ္တာဓာတ်နဲ့ နွေးထွေးစေတဲ့ အခါတွေလည်း ရှိခဲ့သည်။
တစ်ဖက်လူက ဘယ်လိုအပြုအမူကိုပဲ ပြုပါစေ အဲ့လူအနားရှိနေတဲ့ တစ်လျှောက်လုံး Sunghoon လုပ်နေခဲ့တဲ့ တစ်ခုတည်းသောအရာက ထိုလူကို ပြုံးပြုံးလေး ငေးကြည့်နေခဲ့ခြင်းပင်။
Sunghoonအတွက် အဲ့လိုမျိုး ယဉ်ယဉ်လေး ရူးစေသူက သူ့ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းပဲ ဖြစ်၏။
Park Sunghoonက သူ့အချစ်ဆုံးသူငယ်ချင်း Park Jongseong ကို တစ်ချိန်လုံး ချစ်နေမိခဲ့တာပဲ ဖြစ်ပါသည်။🌼
"ဒီနေ့ ဆိုင်ကို စာအုပ်အသစ်တွေရောက်မယ်"
"အရင်လ လက်ကျန်တွေလည်း စာရင်းဖြတ်ရဦးမှာပဲ"
"ပြီးရင် လချုပ်လုပ်ပြီး ဦးလေးဆီ အပ်ရဦးမယ်...အကုန်လုံး ငါ့အလုပ်တွေချည်းပဲ"
"တူလေး တစ်ယောက်ရှိတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုင်းစားချင်နေပြီ"
ရှေ့ကနေ နှစ်ယောက်စီးအပြာရောင်စက်ဘီးလေးကို တွန်းရင်း Jongseongက စကားတွေ ပြောနေ၏။ ထုံးစံအတိုင်း Sunghoon ကတော့ Jongseong ပြောသမျှကို ပြုံးပြီး နားထောင်နေခဲ့တာပဲ ဖြစ်သည်။
Jongseong၏ ဦလေးက မြို့ထဲမှာ အတော်အသင့်ကြီးသည့် စာအုပ်ဆိုင်တစ်ခု ပိုင်သည်။ ငယ်ငယ်ကတည်းက ဦးလေး၏ အုပ်ထိန်းမှုအောက်မှာနေခဲ့သည့်Jongseongက ထိုစာအုပ်ဆိုင်မှာ အလုပ်ဝင်လုပ်နေခဲ့တာ ကျောင်းပိတ်ရက်တွေ စကတည်းက။
YOU ARE READING
𝐓𝗼 𝗺𝐲 𝐛𝐞𝐬𝐭 𝐟𝐫𝐢𝐞𝐧𝐝, 𝐉 ˁ῁̮ˀ
Fanfictionအလိုအပ်ဆုံးသောအရာ တစ်ခုတည်းသော နားခိုရာ... -JayHoon Short Story