တစ်ခုတည်းသော နားခိုရာ [finale]

572 84 15
                                    

"To my best friend, J"

စာရွက်ဖြူဖြူပေါ်တွင် ချရေးထားသည့် လက်ရေးသော့သော့များ။

သို့သော် စာကတော့ ထိုနေရာကနေ မတက်။ ပြောစရာစကားတွေက ရင်ထဲ ပြည့်ကျပ်နေအောင် ရှိနေပါသော်လည်း ထုတ်မပြောနိုင်သည့် အဖြစ်ကြောင့် Sunghoon သက်ပြင်းချမိပါသည်။

စာကြည့်ထိုင်ခုံနောက်မှီကို မှီချလို့ ဆံပင်အညိုတွေကို ဆွဲဖွလိုက်သည်။ လက်ဖဝါးဖြင့် မျက်နှာကို ပွတ်သပ်ရင်း...

"ငါ မင်းကို ဘယ်နားက စပြောပြရင် ကောင်းမလဲ Jongseongရေ..."

ကြမ်းပြင်ပေါ်တွင်တော့ "To my best friend, J" ဆိုတာနဲ့ အစချီထားတဲ့ စက္ကူစုတ်တွေဟာ ပြန့်ကျဲလို့ နေလေတော့သည်။

🌼

စာအုပ်ဆိုင်ရှိ ကောင်တာက စားပွဲပေါ်က Daffodil ပန်းတွေကို ကြည့်ရင်း Jongseong က ခဏခဏ ပြုံးမိသည်။ အမှန်တော့ ပန်းတွေက မလှတော့ဘူး။ လဲရတော့မှာ။ ဒါပေမဲ့ Jongseong က ခေါင်းမာစွာပဲ ညိုညစ်နေပြီဖြစ်သော ပန်းတွေကို ဖန်ပုလင်းထဲ ထည့်ထားခဲ့တာ ဖြစ်သည်။

"ငါ့မြေး Jongseong.... အဖိုးကို ဒါလေးရဲ့ ဒုတိယတွဲလေး ရှာပေးပါဦး"

ကိုယ့်အတွေးနဲ့ကိုယ် စာအုပ်တွေ စီနေတုန်း အဖိုး Riley ရဲ့ စကားကြောင့် အတွေးစတွေ ပြတ်သွားရသည်။ အဖိုးကို လှည့်ကြည့်လိုက်တော့ အဖိုးမျက်နှာက ရယ်ကျဲကျဲ။ အဖိုး Riley ဆိုတာ တခြားမဟုတ်။ Jongseong ရဲ့ ဆိုင်မှာ အမြဲတမ်း စာအုပ်တွေ လာလာကုန်းဆင်းနေကြ အဖိုးဖြစ်သည်။ အဖိုးလာတိုင်း တဗျစ်တောက်တောက်နဲ့ သဘောထားသေးချင်ယောင်ဆောင်တတ်တာJongseong ပဲဖြစ်ပြီး အဖိုးတောင်းသမျှ စာအုပ်တွေကို မညည်းမညူ ရှာပေးတတ်တာကလည်း Jongseong ပဲ ဖြစ်ပါသည်။

"ဖြည်းဖြည်းဖတ်ပါဦး အဖိုးရဲ့။ အဖိုးမှာ နေရမယ့်ရက်တွေ အများကြီး ရှိပါသေးတယ်။ တော်ကြာ ကျွန်တော့်ဆိုင်က စာအုပ်တွေကုန်သွားမှဖြင့် တခြားဆိုင်က အလကားမဖတ်ခိုင်းရင် ဘယ်လိုလုပ်မလဲ"

နှုတ်ခမ်းပါးပါးလေးတွေ ချွန်ထွက်လာသည်အထိ ရန်ရှာပြီးတဲ့ Jongseong ဟာ ခဏအကြာမှာတော့ အဖိုးလိုချင်တဲ့ စာအုပ်ကို ရှာတွေ့သွားခဲ့သည်။

𝐓𝗼 𝗺𝐲 𝐛𝐞𝐬𝐭 𝐟𝐫𝐢𝐞𝐧𝐝, 𝐉 ˁ῁̮ˀNơi câu chuyện tồn tại. Hãy khám phá bây giờ