ပြန်ချစ်မလား မုန်းမလား မသိ

378 70 8
                                    

Sunghoon အိမ်ကို ပြန်ရောက်တော့ ဧည့်ခန်းထဲတွင် အဖေ့ကို မတွေ့။ သေချာပေါက် အန်တီMary ဆီပဲ ရောက်နေလိမ့်မည်ဟု တွေးလိုက်မိသည်။

ဒီအတောအတွင်း အဖေလည်း အထီးကျန်နေခဲ့မှာပဲ....။ ဘဝမှာ ပထမဆုံးတွေ့ခဲ့တဲ့ မေတ္တာက မစစ်မှန်ခဲ့တော့ နောက်ဆုံးတွေ့တဲ့ မေတ္တာကို ဖမ်းဆုပ်ထားချင်တဲ့ စိတ်။

အတွေးများစွာဖြင့် လှေကားထစ်တွေ ရေတွက်ရင်း အပေါ်ထပ်ကို တက်လာခဲ့သည်။

ကျွန်းဖြင့် ပြုလုပ်ထားသော ကိုယ်ပိုင်အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည်က ကျောပေးလို့ ရပ်နေသည့်အဖေ။ စာကြည့်စားပွဲပေါ်က သူနဲ့ Jongseong အတူရိုက်ထားတဲ့ပုံကို ကြည့်နေဟန်တူသည်။

"အဖေ..."

Sunghoon ခေါ်လိုက်တော့ လှည့်ကြည့်လာသည်က နီရဲသော မျက်လုံးတွေနှင့် ခပ်ဟဟဖြစ်သွားသည့် နှုတ်ခမ်းတစ်စုံ။

"Sunghoon..."

အဖေ့ရဲ့ခေါ်သံက Sunghoon မူလတန်းပထမဆုံးရက်မှာ လာကြိုတုန်းကလိုမျိုး နွေးထွေးနေဆဲဖြစ်လေသည်။

"ဖေဖေ သားကို စိတ်မဆင်းရဲ..."

"တောင်းပန်ပါတယ် အဖေ"

'စိတ်မဆင်းရဲစေချင်ဘူး' ဆိုတဲ့ စကားတောင် ဆုံးအောင်မပြောလိုက်ရ။ ဖြတ်ပြောလာသည့် Sunghoon ၏ တောင်းပန်သံ။

"အဖေ့ကို နားလည်ပေးဖို့ မကြိုးစားခဲ့တဲ့အတွက် သားတောင်းပန်ပါတယ်"

မျက်ရည်ပေါက်တွေ တလှိမ့်ချင်း ကျဆင်းအောင် ငိုနေပြီဖြစ်သော Sunghoon ဟာ သူ့အဖေ လက်မောင်းတွေ ကြားမှာ နွေးထွေးသွားခဲ့သည်။

"တောင်းပန်စရာ မလိုပါဘူး Sunghoonရယ်။ အဖေအမြဲ ခွင့်လွှတ်တာပဲ"

"ကျွန်တော် တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်"

"ရပါတယ်ဆိုကွာ"

ကျောပြင်ပေါ် ပွတ်သပ်လာသည့် လက်ဖဝါးနွေးနွေး။

"အန်တီMaryက မင်းကို နေ့လည်စာ တစ်နပ်လောက် ခေါ်ကျွေးချင်နေခဲ့တာ"

"ကျွန်...ကျွန်တော်လည်း အန်တီMaryကို တွေ့ချင်ပါတယ်"

Mr.Park စိတ်သက်သာရာရစွာ ပြုံးလိုက်မိသည်။ Sunghoon ကလည်း မျက်ရည်တို့ မခြောက်သေးသည့်တိုင် ပြုံးနေ၏။

𝐓𝗼 𝗺𝐲 𝐛𝐞𝐬𝐭 𝐟𝐫𝐢𝐞𝐧𝐝, 𝐉 ˁ῁̮ˀNơi câu chuyện tồn tại. Hãy khám phá bây giờ