part - 3(end)

732 77 14
                                    

Unicode

ညီလာခံနေ့ရက်များထဲမှ တစ်ရက်တွင်ဖြစ်၏။

"အရှင်မင်းကြီး စစ်သူကြီးကို ဧကရီအဖြစ် တင်မြှောက်ဖို့ ကိစ္စကို ပြန်လည်ဆင်ခြင်သုံးသပ်ပေးတော်မူပါ "

"ဟုတ်ပါတယ် အရှင်မင်းကြီး တိုင်းပြည်ရဲ့ဧကရီဟာ စစ်သူကြီးတစ်ယောက် လုံးဝမဖြစ်သင့်ပါဘူး"

"တိုင်းပြည်ရဲ့ ရှေ့ရေးအတွက်မျှော်ပြီး ဧကရီအသစ်တစ်ယောက်ကို မြှောက်တင်တော်မူပါ အရှင်မင်းကြီး "

"လက်အောက်ခံပြည်နယ်မှ ချစ်ကြည်ရေးအဖြစ် မင်းသမီးတစ်ပါးကို ဆက်သပါရစေလို့ သဝဏ်လွှာပါးလာပါတယ် အရှင်မင်းကြီး... တိုင်းပြည်ရဲ့ မျိုးဆက်အတွက်ထောက်ရှုပြီး လက်ခံပေးစေလိုပါတယ် အရှင်မင်းကြီး "

တစ်ယောက်တစ်ပေါက်နှင့် လျှောက်တင်နေကြပါတဲ့ အမတ်မင်းတွေရဲ့စကားကို ဧကရာဇ်က အာရုံမရှိ။ အခုချိန် တင်ပါးတွေ ကျိန်းစပ်ပြီးနာနေတာပဲ သိသည်။ သူက ငယ်ငယ်ကတည်းက အမြဲတိုက်ခိုက်ပြီး စစ်ပွဲတွေအလီလီ အနိုင်ရဖူးတဲ့ ကြံ့ခိုင်သူမို့သာ တော်သေးသည်။ တော်ရုံဆို သူ့ဧကရီလေးရဲ့ ဒဏ်ကို ဘယ်သူမှ ခံနိုင်မှာမဟုတ်။ သူတစ်ခု စိတ်ပူတာက သူ့ဧကရီလေးက သူ့ကို
ချစ်တယ်လို့ အခုထိ မပြောသေးတာကိုပါပဲ။ ဘာလို့လဲ သူ့ကို ချစ်နေတာဖြင့် အသိသာကြီးကို ဘာလို့မပြောရတာလဲ။ အာ... ဟုတ်သားပဲ သူ့အမတ်တွေကို တိုင်ပင်လို့ရတာပဲ။

"အမတ်တို့..."

ဧကရာဇ်ရဲ့ အသံထွက်လာတာနှင့် အဆုံးအဖြတ်ကို စောင့်နေကြတဲ့ အမတ်တွေဟာ အာရုံစူးစိုက်လျက်သား။

"အမတ်မင်းတို့ရဲ့ ဇနီးတွေဆီကနေ ချစ်တယ်လို့ အပြောခံရဖူးပါသလား"

?????????

ဒါက ဘာအခြေအနေကြီးလဲ။

"ပြော...ပြောခံရပါတယ် အရှင်မင်းကြီး "

ဟုတ်တယ်လေ။သူတို့အိမ်တော်က ဇနီးသည်တွေက နေရာရဖို့အရေး အပြိုင်အဆိုင် ဖားနေကြတာ။ ဘယ်သူက ချစ်တယ် မပြောပဲရှိပါ့မလဲ။

ဧကရာဇ်က တော့ အနည်းငယ် အားကျစိတ်လေး ဝင်သွားရ၏။ ဇနီးမယားရဲ့ အချစ်ခံရတဲ့ ယောက်ျားလောက် ကံကောင်းတဲ့သူ
ဒီကမ္ဘာမှာ ရှိပါ့ဦးမလား။

Love Story of  Emperor Wang And His  General  Xiao [Complete] Donde viven las historias. Descúbrelo ahora