Chapter: 1
လျန်မြို့၌
ဤတိတ်ဆိတ်သောညတွင် လေတိုက်သံပင်မကြားရပေ။
ချောင်ချင်းသည် သူမ၏ စာသင်ချိန် နှင့်လုပ်ရိုးလုပ်စဉ်တာဝန်တွေ ပြီးဆုံးချိန်၌ ည ၁၀ နာရီ ပင်ထိုးနေခဲ့ပြီ ။သူမ၏ ကျောပိုးအိတ်ကို ပခုံးတစ်ဖက်ပေါ်တွင် ပေါ့ပေါ့ပါးပါး လွယ်ထားရင်း လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားကာ ကျောင်းဝင်ပေါက်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
အနံ့အရသာရှိသော BBQ ဆိုင်တန်းကိုဖြတ်သွားပြီးနောက် တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော သစ်ပင်တန်းလမ်းကို တွေ့ရပါမည်။
လွတ်နေသောစင်္ကြံလမ်းတစ်လျှောက်တွင် လမ်းမီးကို နှစ်ပေါင်းများစွာထိန်းသိမ်းထားခြင်းမရှိဘဲ တဖျော့ဖျော့အလင်းရောင်လေးမျှသာ ရှိသည်။
ဒီနေရာတစ်ဝိုက်ရှိ အရာအားလုံးက တိတ်ဆိတ်နေသည့်အခိုက် အနီးကခြေသံကို ကွဲပြားစွာကြားလိုက်ရသည်။သို့နှင့် ချောင်ချင်းကလမ်းလျှောက်နေရာမှရုတ်တရက်ရပ်တန့်လိုက်ပြီး မကောင်းတဲ့အနံ့အသက်ကြောင့်သူမနှာခေါင်းရှုံ့လိုက်မိတယ်။ သူ့နှာခေါင်းဝမှ သွေးနံ့တွေ တဟုန်ထိုး ပြေးတက်လာသလို ခံစားရ၏။
ဖြစ်ပျက်နေတာကို အဖြေရှာဖို့ ကြိုးစားနေစဉ် ရုတ်တရက် သူမရဲ့ခြေကျင်းဝတ်တွေ တင်းကြပ်သွား၏။
တစ်စုံတစ်ခုက သူမခြေထောက်ကို ဆုပ်ကိုင်လာသည်။အလင်းရောင်ဖျော့ဖျော့အကူအညီနဲ့ တစ်ချက်ကြည့်ရန် ခေါင်းငုံ့လိုက်တော့ သွေးတွေပေနေတဲ့လက်တစ်စုံက သူမရဲ့ခြေကျင်းဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာစိုစွတ်ပြီး စေးကပ်နေသလိုခံစားနေရတာ အံ့သြစရာမဟုတ်ပါဘူးလို့ ချောင်ချင်းတွေးလိုက်သည်။
သူမ၏ အကြည့်က အနည်းငယ်အောက်သို့ ရွေ့သွားကာ ထိုလူ၏ လက်မောင်းနောက်သို့ အကြည့်ရောက်သွားလေရာ သက်ရှိသတ္တဝါအားလုံးကို ဇောက်ထိုးလှန်သွားမည့် ဘီလူးမျက်နှာရှင်လေးကို တွေ့လိုက်ရ၏။
သူမကသူ့ကို စစ်ဆေးကြည့်ရှုစဉ်တွင်
မြေပြင်ပေါ်မှ လဲလျောင်းနေသော ကျွင်းယဲ့ရွှမ်ကလည်း သူမကို ကြည့်ရန် ခေါင်းထောင်လာခဲ့သည်။