chapter:3
“ကျောင်းအနီးမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်"
ချောင်ချင်းက တိုတိုတုတ်တုတ်သာ ပြန်ဖြေသည်။ ထိရောက်စွာ ပိုးသတ်ရန်၊ မေ့ဆေးပေးခြင်း၊ ကျည်ဆန်ကို ဖယ်ရှားကာ ဒဏ်ရာကို ပတ်တီးဖြင့်ရိုးရှင်းစွာပတ်ပြီး ပြတ်သားစွာ တုံ့ပြန်ခဲ့သည်။ သူမ၏ လှုပ်ရှားမှုများသည် ရေစီးရေလာကဲ့သို့တည်ကြည်နေပြီး အရာအားလုံး သွက်လက်သော လှုပ်ရှားမှုတစ်ခုဖြင့် လုပ်ဆောင်ခဲ့သည်။
ချောင်ချင်း၏တုံ့ပြန်မှုကို ကြားပြီးနောက် ထိုကောင်လေးကို ဆေးရုံမပို့ရန် အဘယ်ကြောင့်ချောင်ချင်း ဆုံးဖြတ်ခဲ့သည်ကို ဟယ်ဝမ်ချင်းနားလည်သွားသည်။
သို့သော်လည်း သူမရင်ထဲမှာ စိုးရိမ်မှုအနည်းငယ် တိုးလာပြန်၏။
"သူ့ကို အိမ်မှာထားရင် အမေတို့ ပြဿနာတစ်ခုခု ဖြစ်လာနိုင်လား။"
ပတ်တီးချည်နေတဲ့ ချောင်ချင်း ရဲ့လက်တွေ ခနတာရပ်တန့်သွားသည်။နောက်အခိုက်အတန့်တွင်မှာ သူမက ကြိုးကိုဆက်ချည်လိုက်ရင်း
“မေမေစိတ်မပူပါနဲ့။ လိုင်းဘယ်လိုဆွဲရမလဲဆိုတာ သမီးသိပါတယ်။”ချောင်ချင်းရဲ့ စကားကိုကြားတော့ဟယ်ဝမ်ချင်း ငြိမ်သက်သွား၏။ သူ့သမီးရဲ့စကားကို အပြည့အဝမယုံကြည်နိုင်သော်ငြားလည်း အနည်းငယ် သက်တောင့်သက်တာတော့ ခံစားရသည်။
ဟယ်ဝမ်ချင်းသည် ကျွင်းယဲ့ရွှမ်၏ သွေးစွန်းနေသော မျက်နှာကို ကြည့်လိုက်ရာ သူမရဲ့မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။
“ဒီလူငယ်လေးက အရမ်းချောတာပဲ ဘယ်သူကများ ရက်စက်တဲ့နှလုံးသားနဲ့ သူ့ကိုဒီလိုလုပ်ရက်နိုင်ကြတာလဲ မသိဘူး!"
ချောင်ချင်းသည် သူ့အမေကို ကူကယ်ရာမဲ့ကြာ့်လိုက်မိ၏။လူတွေကို အရွယ်တင်ကြည့်တဲ့နေရာမှာ ဆရာတစ်ဆူလို့ပင် သမုတ်ခံရတဲ့ ဟေးဝမ်ချင်းက ဆေးမမှီတော့ကြောင်းကိုတွေးမိတော့ ချောင်ချင်း ထပ်ပြီး သက်ပြင်းချလိုက်မိပြန်တယ်။
ရုပ်ရည်ကောင်းသူနှင့် သနားညှာတာတတ်သူများကြားတွင် မလွှဲမရှောင်သာသော ဆက်နွှယ်မှုတွေမရှိတဲ့အကြောင်းကို သူမအမေအားပြောပြရန် ပျင်းရိလွန်းလှသည်။