Chapter: 5
ဒီအချိန်မှာ ချီဖုန်းပြန်ရောက်လာပြီး ဖုန်းဟန်အား အစီရင်ခံစာတင်လိုက်၏။
"ခေါင်းဆောင်၊ ကျွန်တော်အကုန်စုံစမ်းပြီးပါပြီ။ ချင်းဟိုင်ဟာ မကြာသေးခင်က ကျွင်းထျန်းလင်ရဲ့သမီးကို လိုက်နေတာပါ၊ ဒီတစ်ခါမစ်ရှင်ကို လက်ခံလိုက်တာကလည်း ကျွင်းထျန်းလင်ဆီက မျက်နှာသာရချင်လို့"ဖုန်းဟန်သည် ၄င်းနှင့်ပတ်သက်၍ ဘာမှတ်ချက်မပေးခဲ့ပေ။"ချင်းချင်းနဲ့ ကျွင်းယဲ့ရွှမ်း အပြန်ပြန်အလှန်လှန်ဆက်သွယ်တာတွေ ရှိ၊မရှ်ိသွားစုံစမ်းကြည့်"
ချီဖုန်း အနည်းငယ်လန့်ဖြန့်သွား၏။သူဟာ ဖုန်းဟန်နောက် အချိန်အတော်ကြာလိုက်နေပြီဖြစ်ရာ ယခုအခါ သူ့အသံဘယ်လောက်တောင်အေးစက်နေလဲဆိုတာကို သဘာဝအတိုင်း သူပြောပြနိုင်ပါတယ်။ ကိုယ့်ပိုင်နက်ကို တပါးသူဆီက ကျူးကျော်ခံလိုက်ရသကဲ့သို့နှယ်။
ချီဖုန်းက ဘာမျှမတွေးဝံ့တော့ဘဲ သူ့အမိန့်ကို လက်ခံလိုက်၏။
ချီဖုန်း : "ဟုတ်ကဲ့ခေါင်းဆောင်"
ဖုန်းဟန် :"ခဏနေဦး""ခေါင်းဆောင်မှာ တခြားညွှန်ကြားချက်တွေ ရှိနေသေးပါသလား" ချီဖုန်းက မဝံ့မရဲမေးသည်။
ထိုအခါဖုန်းဟန်က သူဝတ်ထားတဲ့ လက်စွပ်ကို ချွတ်လိုက်ပြီး
"ဒါကို ချင်းချင်းဆီ ပေးထားလိုက်!"
ချီဖုးန်က ကျေနပ်အားရစွာဖြင့် ပြုံးလိုက်တယ်။ နောက်ဆုံးတော့ သူ့ရဲ့ဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်ခံနေရသလို ခံစားနေရတာပဲ။သို့သော် အရာဝတ္ထုတစ်ခုနဲ့ လဲလှယ်ပြီး သူ့ရဲ့ခံစားချက်တွေကိုဖော်ပြတာဟာ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့နည်းလမ်းဖြစ်တာမို့လို့ မမလေးချောင်က ဒါကိုနားလည်နိုင်ပါ့မလား။
အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသော အမျိုးသားသည် သူ့တစ်ကိယ်လုံးမှာ ချွေးတွေ ဆို့လာကုန်၏။သို့နှင့်ပင် ကိုယ့်ကိုကိုယ် ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်ရင်း ထိုမိန်းကလေးအား စော်ကားမိခြင်း ရှိ၊မရှိ တွေးနေမိ၏။
တွေးလေလေ ငိုချင်လေလေပင်။
သူ့ရှေ့မှ ဂိုဏ်းချုပ်၏ အရှိန်အဝါကအေးစက်လွန်းလို့ သူ့ဒူးများပင်တုန်ယင်နေပြီ။သူတွေးနေစဉ်အတွင်းမှာ ဖုန်းဟန်ရဲ့ အသံကို ကြားလိုက်ရပါသည်။
"ဆိုတော့ မင်းပြောတာ..... မင်းအောင်မြင်ခါနီးပြီပေါ့"