ရှောင်းကျန့်ကငြိမ်ပြီးကော်ဖီသောက်နေတယ်ဘေးမှာ၀မ်ရိပေါ်ကလာထိုင်နေတာကြောင့်ဘာပြောရမှန်းမသိနဲ့နည်းနည်းတော့ကြောင်တောင်တောင်နိုင်တယ်
'ဒီဘက်ကကျွန်တော့်ထက်ကြီးမယ်နော်'
ရိပေါ်ဘက်ကစတဲ့စကားကိုရှောင်းကျန့်အလိုက်သင့်လေးပြန်ဖြေတယ်
'၂၈ပြည့်ပြီးပါပြီ'
'၀ါး...တကယ်ကြီးလားကောကငယ်တဲ့ပုံပေါက်တာပဲမထင်ထားဘူးကျွန်တော်နဲ့မတိမ်းမယိမ်းလောက်ဖြစ်မယ်ထင်တာ'
'အသက်ဘယ်လောက်ရှိပြီလဲ'
'အသက်၂၂နှစ်၀မ်ရိပေါ်ပါဗျ'
ရိပေါ်ကနာမည်ပါတစ်ခါတည်းမိတ်ဆက်လိုက်တယ်အနည်းဆုံးတော့သူတို့နှစ်ယော
က်စကားပြောတဲ့အခါသက်တောင့်သက်သာဖြစ်တာပေါ့ကောင်လေးကသူ့ထက်ငယ်မယ်ဆိုတာသိပေမဲ့၆နှစ်ကွာလိမ့်မယ်လို့ရှောင်းကျန့်မထင်ထားဘူးစိတ်ထဲမှာတော့အံ့သြနေပေမဲ့အပြင်မှာတော့ဘာမှမဖြစ်သလို သူ့နာမည်ကိုလဲပြန်ပြောလိုက်တယ်
'ရှောင်းကျန့်'
'ရှောင်းကျန့်ကောကဒီကိုဘာလို့တစ်ယောက်ထဲလာတာလဲ'
ရှောင်းကျန့်ကဘာမှမဖြေဘဲရိပေါ့်ကိုလှည့်ကြည့်တာကြောင့်ရိပေါ်ကအားနာသွားရသည်
'အာ..ကျွန်တော်ကစကားအဖြစ်မေးလိုက်တာပါသူများအကြောင်းစပ်စုသလိုဖြစ်သွားရင်တောင်းပန်ပါတယ်'
'လော့ယန်မှာပထမဆုံးနှင်းကျမယ်လို့သူငယ်ချင်းကပြောလို့လာကြည့်တာ'
'အော်..ကျွန်တော်ရောရှောင်းကျန့်ကောရဲ့သူငယ်ချင်းဖြစ်လို့ရလား'
ရှောင်းကျန့်မျက်စံတေမသိမသာလှုပ်ရှားသွားတယ်*ဒါနောက်ထပ်လဲတွေ့ကြမဲ့သဘောလား*
'ရပါတယ်'
'သူငယ်ချင်းဖြစ်ဖြစ်ချင်းဒီလိုမေးရတာတစ်မျိုးတော့မထင်ပါနဲ့နော်ဒီတိုင်းသိချင်နေခဲ့လို့မေးတာပါ'
'အင်း'
'ရှောင်းကျန့်ကောက bL novelတေဖတ်နေကြလားဟို..ဟို'