လူကူးမြင်းကြားရဲ့ထိပ်တည့်တည့်မှာရှောင်းကျန့်က၀မ်ရိပေါ်နဲ့အတူရပ်နေပြီး၀မ်ရိပေါ်ကစိတ်ကောက်နေတာကြောင့်နှာခမ်းကစူထားသလိုမျိုးထော်နေတယ်
'ဘဲနှုတ်ခမ်းနဲ့၀မ်ရိပေါ်ဒါငါတို့ရဲ့ first dateလေမင်းငါ့ကိုဒီလိုမျိုးလစ်လျူရှုထားလို့မရဘူးလေ'
'ဘယ်သူ့ကိုဘဲနှုတ်ခမ်းလို့ပြောနေတာလဲ'
'ညကထိမင်းအရမ်းပျော်နေတာမဟုတ်ဘူး'
'သေချာတာပေါ့'
'အခုကဘာဖြစ်နေတာလဲ'
'ကျန့်ကောကကျွန်တော့်ကိုအလေးမထားတာပဲ'
ရှောင်းကျန့်ကသူ့အပြစ်သူစဥ်းစားမရဖြစ်နေတယ်လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်တုန်းက၀မ်ရိပေါ်ကသူ့ကိုလမ်းကြားထိပ်မှာစောင့်နေတာဖြစ်ပြီးသူလဲအချိန်အတိကျရောက်လာခဲ့တယ်၀မ်ရိပေါ်ကသူ့ကိုမြင်တာနဲ့နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတယ်
၀မ်ရိပေါ်ဆီကိုသူတဖြေးဖြေးလျှောက်လာတာကိုမစောင့်နိုင်သည့်အလား၀မ်ရိပေါ်ကအရင််သူ့ဆီပြေးလာခဲ့တယ် အနားရောက်တော့ရှောင်းကျန့်လဲ၀မ်ရိပေါ့်လက်ကိုကိုင်လိုက်ပြီးပြုံးပြတယ်အဲ့မှာရုတ်တရက်၀မ်ရိပေါ်ကပြုံးနေတာကိုရပ်လိုက်ပြီးသူ့ကိုတစ်ချက်သေချာကြည့်တယ်ပြီးတော့တွဲထားတဲ့လက်ကိုဖြုတ်ပြီးသူ့ဘာသာရှေ့ကနေအရင်ထွက်သွားတယ်
ရှောင်းကျန့်ကနားမလည်နိုင်ချင်းများစွာနဲ့နောက်ကအမှီလိုက်လာတယ်လူကူးမြင်းကြားရောက်တဲ့အခါ၀မ်ရိပေါ်ကရှောင်းကျန့်လက်ကိုပြန်ဆွဲကိုင်ထားတယ်စိတ်ကောက်နေပေမဲ့လဲ၀မ်ရိပေါ်ကသူ့ကိုဂရုစိုက်နေတုန်းပဲ
'၀မ်ရိပေါ်ငါ့ကိုနည်းနည်းလောက်မရှင်းပြတော့ဘူးလားစိတ်ကောက်နေရင်လဲမင်းငါ့ကိုမထိလို့ရပါတယ်'
'မရဘူး'
၀မ်ရိပေါ်ကရှောင်းကျန့်လက်ကိုပိုပြီးတောင်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်
မှတ်တိုင်ကမီးလေးနီသွားတဲ့အချိန်မှာအရှိန်နဲ့လာနေတဲ့ကားတေကလဲရပ်တန့်သွားတယ်ရှင်းလင်းနေတဲ့လူကူးမြင်းကြားအလယ်မှာ၀မ်ရိပေါ်ကသူ့ကောင်လေးလက်ကိုဆွဲပြီးဂရုတစိုက်နဲ့လမ်းကူးပေးတယ်