"အဟမ်း၊ သွန်းညှာစကားပြောရအောင်လေ၊ နင့်ညီလေးကို သွားဆော့ခိုင်းလိုက်ပါဦး.."
'သူက ဘာမို့လို့ ငါ့ကိုနှင်ထုတ်နေရတာလဲ...'
မင်းသွန်းညှာသည် နေနိုင်းမာန်လေးကို မပထုတ်ချင်သော်လဲ သူ့ရှေ့မှ ဗီလိန်မက မည်သို့သော အကောက်ကြံစကားတွေပြောဦးမလဲမသိပေ။ထို့ကြောင့် နေနိုင်းမာန်လေးကို စိတ်မရှုပ်သွားစေရန် ပထုတ်လိုက်ရန်မှတစ်ပါး အခြားမရှိချေ။
"နိုင်းလေး၊ အပေါ်ထပ်မှာလေ ကိုကို့အတွက် လွယ်အိတ်လေးသွားယူပေးပါလားဟင်။..."
သူ့စကားဆုံးသော် နေနိုင်းမာန်လေးသည် မျက်မှောင်ကြုံ့လိုက်ကာ ဘာမျှမပြောတော့ပဲ အပေါ်ထပ်ကိုတက်သွားလေသည်။နေနိုင်းမာန်လေး လှေကားတစ်ထစ်နင်းလိုက်တိုင်းမှာပင် သူလေး၏စိတ်အခြေအနေကပိုပိုဆိုးလာလေသည်။
*PFB 60%*
*PFB 50%*
'ကျစ်၊ နိုင်းလေးစိတ်ကောက်သွားပြီထင်တယ်၊ ဒီတစ်ယောက်နဲ့စကားစ မြန်မြန်ဖြတ်မှပဲ၊'
မင်းသွန်းညှာသည် ကလေးကိစ္စကြောင့် ဗီလိန်မအပေါ် ပိုလို့ပင်အမြင်မကြည်တော့ချေ။သို့သော် သူ့ခမြာ ဟန်ဆောင်ပြုံးလေးကိုနှုတ်ခမ်းထက်တင်ကာ စကားစလိုက်လေသည်။
"ပြောစရာရှိတယ်ဆို..၊ ပြောလေ ဘာပြောမလို့လဲ၊""ဟိုဟာ..နင် ကိုကြီးလကျာ်ကိုကြိုက်နေတဲ့ကိစ္စလေ..အဲ့တာ"
နွေလှိုင်းသည်စကားပြောရင်းဖြင့်တစ်ဝက်တစ်ပျက်ရပ်လိုက်ကာ မင်းသွန်းညှာ၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်လိုက်မိသေးသည်။သို့သော် မင်းသွန်းညှာ၏မျက်နှာထက်တွင် ရှက်သွေးဖြာနေခြင်း၊စိုးရိမ်နေခြင်းအလျှင်းမရှိပဲ တည်ငြိမ်လျှက်ပင်ရှိနေလေသည်။
မင်းသွန်းညှာသည် စကားစရပ်လိုက်သော နွေလှိုင်းကို မျက်ခုံးပင့်ပြကာ ဆက်ပြောရန်အချက်ပြလိုက်လျှင်
"အဲ့တာ၊ ငါကူညီပေးရမလား..၊"
"အေး..၊ ကူညီပေးပါဟာ၊"
သူ့စကားအဆုံးတွင် ဝမ်းသာသွားသောနွေလှိုင်း၏မျက်နှာကို သူမြင်လိုက်သည်။သို့သော် သူသည် ကျန်နေသေးသောစကားကိုဆက်ပြောလိုက်ချိန်တွင်တော့ နွေလှိုင်းတစ်ယောက်ဝမ်းမသာနိုင်တော့ပေ။
YOU ARE READING
ငါကဗီလိန်! [Uni + Zaw]
Romansaစာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updates at every monday. Cover Art - Adi HoseKi