🦋1🦋

127 14 0
                                    

ဟူးးးးးးးးဘာလိုလိုနဲ့ ဖေဖေနဲ့မေမေဆုံးသွားတာတောင် အတော်ကြာပြီပဲ မေမေနဲ့ဖေဖေရယ်အရမ်းသတိရတာပဲ လူ့ဘဝဆိုတဲ့လောကကြီးမှာဆွေမရှိမျိုးမရှိ သားကိုထားရက်တယ်နော် ကံတရားကြီးကမတရားဘူးမေမေရာ ကျွန်တော့်သိပ်ချစ်တဲ့မေမေရယ်ဖေဖေရယ်ကို ကျွန်တော်တို့နဲ့ဝေးအောင် ဆွဲထုတ်သွားရက်တယ်ဗျာ တော်သေးတာပေါ့ ကျွန်တော်တစ်ယောက်ထဲဖြစ်နေချိန် ဖာသာ Jamesက ကျွန်တော်လိုဆွေမရှိမျိုးမရှိ ချစ်စရာကောင်းတဲ့Miniလေးကို ကျွန်တော်လက်ထဲယုံယုံကြည်ကြည်အပ်လိုက်လို့ ကျွန်တော် အခုလိုအသက်ရှင်နေတာ miniလေးကချစ်ဖို့ကောင်းတယ် မေမေရယ် သားရဲ့ညီမလေးသာဖြစ်လိုက်ရင်ဘယ်လောက်ကောင်းမလဲ မေမေညီမလေးရော မေမေတို့နဲ့အတူတူပျော်ရဲ့ ထိုစကားကိုအုတ်ဂူနှစ်ခုပူးနေတဲ့ လစ်ဟာနေသော မြေကွက်လပ်မြက်ခင်းပြင်လေးပေါတွင်ထိုင်လျက် ပြောဆိုပြီး Jung hoseokဆိုတဲ့ကောင်လေးတစ်ယောက် ငိုနေလေရဲ့ ထိုအချိန် Jung hoseokနီးပါးချောမောလှသော Junghoseokအချစ်တော်Jung Miniဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာလေရဲ့

"ကိုကို မေမေနဲ့ဖေဖေကို သတိရနေပြန်ပြီလား"

"အော် ညီမလေးရယ် မေမေနဲ့ဖေဖေကိုသတိမရတဲ့ရက်ဆိုတာမရှိပါဘူးကွာ ကိုကိုအမြဲသတိရနေတာပါ"

"မေမေနဲ့ဖေဖေကို တိုက်ခဲ့တဲ့သူသာအခုထိအသက်ရှင်ရင် ညီမလေ မေမေနဲ့ဖေဖေအတွက် ပြန်ကလဲ့စားချေမှာ"

ပြန်စဥ်းစားမိရင် ညီမလေးပြောတာမှန်ပေမဲ့ ဒါကကံကြမ္မာပဲလေ အတိတ်ကအကုသိုလ်ပါလာတယ်လို့ပဲ သဘောထားရမှာပေါ့ ရန်ကိုရန်နဲ့တုံပြန်ရင် ဒီသံသရာကြီးကလွှတ်မြှောက်နိုင်မှာမဟုတ်ဖူးလေ

"ညီမလေး ကိုကိုဘာပြောထားလဲ"

"ကိုကိုကလေ အရမ်းပဲရိုးတာပဲ"

"ကိုကိုပြောသားပဲ ရန်ကိုရန်ချင်းတုံ့ပြန်ရင် သံသရာကကျွတ်မှာမဟုတ်ဖူးလို့"

"ဟုတ်ပါပြီ တရားဆရာကြီးရယ် လာသွားရအောင် နေကောင်းတာလဲမဟုတ်ပဲနဲ့"

"မေမေနဲ့ဖေဖေသားသွားပြီ" အုတ်ဂူလေးရှေ့တွင်သူ၏  မေမေအရမ်းကြိုက်တဲ့ cherryပန်းလေး အုတ်ဂူအရှေ့တွင်ချလျက် အိမ်ရှိသောနေရာအရပ်သို့ပြန်လာလေသည်။

ဟိုဆော့ ကော်ဖီဆိုင်လေးဖွင့်နေတာ အခူဆို ညီမလေးတက္ကသိုလ်နောက်ဆုံးနှစ်တောင်ရောက်နေပြီ ညီမလေးကစာအရမ်းတော်တယ်ဗျ ကျွန်တော်ညီမလေးကအမြဲတမ်းဆုရတယ် ကျောင်းမှာဆုအရဆုံးကောင်မလေးပေါ့  ညီမလေးကရုပ်လဲချော အရမ်းလဲချစ်ဖို့ကောင်းတယ်ဗျ သူကလေ နိုင်ငံခြားသားရုပ်လေးကျနေတာပဲ တကယ်တော့ ညီမလေးကိုမွေးစားထားတယ်ဆိုတာ ကျွန်တော် ဖာသာရဲ့ပဲသိတာလေ ဘယ်သူမဆို miniလေးကိုကျွန်တော်ညီမလေးလို့ပဲ ထင်ကြတာ တခါတခါminiလေးကengလိုပြောတဲ့အခါ တကယ်သူက Englandသူလေးကျနေတာပဲ သူငယ်ချင်းတွေကတောင်နံမည်ပြောင်လေးပေးထားကြတယ် Amara Juliteတဲ့ Juliteပန်းလေးလို့ ခေါကြတယ် ကျွန်တော်ကတော့
Roseလိုခေါတာသဘောကျတယ် miniလေးရဲ့နှုတ်ခမ်းလေးကအနီရောင်လေးသန်းနေတယ် ပြီးတော့ သူကအသားအရမ်းဖြူတယ် သူနဲ့ယှဥ်ရင်ကျွန်တော်က နည်းနည်းတော့ ညိုတာပေါ့ သူမှာအသဲပုံနှုတ်ခမ်းလေးလဲရှိသေးတယ် အဲတာလေးတွေသဘောကျတယ် လိုက်တဲ့သူတွေဆိုသည်မှာလဲ အများကြီးပဲ အိမ်ရှေ့မှာ တခါတစ်ခါ ပန်းစည်းတွေလာလာပေးရတာနဲ့ ဂစ်တာလာတီးရတာနဲ့ ဂျောင်ဟိုဆော့ပါ ကိုယ့်ညီမကိုအပိုးခံပါ့မလား ဘယ်ရမလဲ ရဲဖုန်းဆက်လိုက်တာပေါ့ မကြာပါပု အဲကောင်တွေ တစ်ပတ်လောက်Jayအောင်းလိုက်ရတယ် ညီမအရင်းမဟုတ်ပေမဲ့လဲ ညီမအရင်းလိုချစ်တယ်

"ကိုကိုရေ miniကျောင်းကပြန်လာပြီ"တစ်အိမ်လုံးတိတ်ဆိတ်နေတာကြောင့် ကိုကိုရှိသောနေရာကိုလိုက်ရှာနေမိတယ် ဟောတွေပါပြီ စာရေးခုံပေါအိပ်နေတာ ဒီကိုကိုတော့ပြတင်းပေါက်ကြီးကလဲဖွင့်ထားသေး ဖျားတော့မှာပဲ

"ကိုကို miniပြန်လာပြီလို့"အနည်းငယ်ကိုယ်ကိုလှုပ်ကြည့်တော့ထိုသူကနိုးမလား miniတုန်လှုပ်သွားခဲ့ရသည်

"ကိုကိုခနအားတင်းထားနော် miniတို့ဆေးရုံသွားကြမယ်"ဟုတ်ပါတယ်ကိုကိုက နှလုံးရောဂါသည်လေ

ဆေးရုံသို့ရောက်သောအခါ

Amara:မနက်ဖန်မှupပေးတော့မယ်နော် ဒီနေ့တော့ ဒီလောက်ပါပဲ စစ်သားမိန်းမဖြစ်သောMin Amara🤭အမျိုးသားရဲ့မျိုးရိုးလေးပါထည့်ထားတော့ သိလောက်မှာပါ💞

You've reached the end of published parts.

⏰ Last updated: Oct 23, 2022 ⏰

Add this story to your Library to get notified about new parts!

Jung Hosoke ka Poppy FlowerWhere stories live. Discover now