စာသင်တာပြီးခါနီးပြီမို့ဖုန်းပြန်ဖွင့်လိုက်ချိန်ဆက်တိုက်ဆိုသလိုဝင်လာတဲ့messageတွေကိုJeonကတခုချင်းလိုက်ဖတ်နေမိသည်။
ပထမဆုံးဝင်ဖတ်ကြည့်မိသည်ကဟန်နီပို့ထားတဲ့message....."Jungkook.... မေမေရစ်နေတာကြောင့်
ငါထွက်လာလို့မရတော့ဘူး....
Kim Tae... ကိုဖုန်းဆက်ထားတယ်
သူလာကြိုပေးလိမ့်မယ်....
ခဏစောင့်နေဦးBusနဲ့မပြန်နဲ့နော်...."Jeonကဟန်နီပို့ထားတဲ့messageလေးကိုဖတ်ပြီးစိတ်မွန်းကြပ်စွာပင်သက်ပြင်းချလိုက်မိတော့သည်။ထုံးစံအတိုင်းဟန်နီ့အမေရစ်နေပြီဆိုတာသိ၍Busစီးပြီးအိမ်ပြန်ဖို့ဘဲ့စိတ်ကူးလိုက်ကာကျောင်းသားလေးဖြေထားတဲ့စာကိုခပ်မြန်မြန်
စစ်ပေးလိုက်ပြီးနှုတ်ဆက်ကာထွက်လာခဲ့လိုက်တော့သည်။ဘတ်စ်ကားမှတ်တိုင်ရောက်အောင်မြန်မြန်
သွားမှဖြစ်မည်လေ...မဟုတ်ရင်ကားစောင့်ရတာနဲ့အိမ်အပြန်အရမ်းနောက်ကျသွားလိမ့်မည်။
Kim Taeလာကြိုပေးလိမ့်မယ်လို့ဟန်နီကပြောထားပေမယ့်Kim Taehyungကလမ်းများသူမို့ကတိပေးပြီးလာချင်မှလာတတ်တာကြောင့်ယုံကြည်ပြီးသူဆက်စောင့်မနေရဲချေ။တော်ကြာဘတ်စ်လည်းမမှီTaxi လည်းမရဘဲ့အိမ်အထိခြေလျင်လျှောက်ပြန်နေရမည်စိုး၍ဘတ်စ်ကားမှတ်တိုင်အထိသုတ်ခြေတင်ပြေးလာခဲ့တော့တယ်။"တီ...တီ...တီ..."
အနောက်ကနေအဆက်မပြတ်တီးလာတဲ့ကားဟွန်းသံကိုဘတ်စ်ကားမမှီမှာစိုး၍အပြေးတပိုင်းသွားနေတဲ့သူကအရေးစိုက်ကာလှည့်မကြည့်အားချေ။
"တီ..တီ...တီ....
"Jungkook... "
တီ,တီ,တီ,ဆက်တိုက်မြည်နေသည့်ကားဟွန်းသံနှင့်အတူJungkookလို့အော်ခေါ်သံဩရှရှကိုကြားလိုက်တော့မှခြေလှမ်းတွေရပ်ကာသူလှည့်ကြည့်လိုက်တော့သည်။
"Sorry... Bro
ငါနောက်ကျသွားတယ်... တက်"Taehyungကပြောလည်းပြောကာ....
ကားတံခါးလည်းလှမ်းဖွင့်ပေးလာတာကြောင့်သူကခပ်မြန်မြန်ပင်ကားထဲဝင်ထိုင်လိုက်လေသည်။Taehyungရဲ့များပြားလှစွာသောပြိုင်ကားတွေထဲမှတစ်စီးဖြစ်သောအနီရောင်ပြိုင်ကားလေးသည်ဘီးစတင်လှိမ့်ကာငြိမ့်ကနဲ့မောင်းထွက်သွားတော့သည်။
YOU ARE READING
ချာတိတ် ( Jeon)