ဂွီ... ဂွီ ... ဂွီ ....
ကုမ္ပဏီကပြန်ရောက်ကတည်းကအခန်းထဲကမထွက်ဘဲ့အိပ်နေတာ .... မိုးချုပ်သန်းခေါင်အချိန်မရှိမှဗိုက်ကထဆာပြီ .... ညနေကစိတ်မကြည်လို့ညစာကိုအောက်ထပ်ဆင်းပြီးမစားချင်တာနဲ့ပေအိပ်နေခဲ့တာ .... အခုတော့ဆက်အိပ်လို့မရအောင်တဂွီ,ဂွီ,ဂွီမြည်နေတဲ့အသံကြောင့်မထချင်လည်းလူးလဲထရပြန်ပြီ။
ပုံမှန်ဒီလိုအချိန်ဗိုက်ဆာရင်တော့ Jiminကဘယ်သူ့မှမနုိးဘဲ့သူ့ဘာသာအဆင်ပြေသလိုလုပ်စားလိုက်တာ ..... အိပ်နေကြပြီဖြစ်တဲ့ဝန်ထမ်းတွေကိုတကူးတကနှိုးပြီးမခိုင်းရက်တာကြောင့်လည်းပါသည်။တနေကုန်ဒီအိမ်နဲ့ခြံကိုဖုန်တစက်မရှိပြောင်လက်နေအောင်သန့်ရှင်းရေးလုပ်ရတာ
သူတို့တွေခမျှာဘယ်လောက်ထိပင်ပန်းကြတယ်မှတ်လဲ .....အနားယူနေကြတဲ့အချိန်လေးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ကြပါစေ.....အဆင်ပြေသလိုကိုယ့်ဘာသာလုပ်စားလိုက်လည်းဖြစ်တာဘဲ့ဟု Jiminကတွေးကာဗိုက်ဆာလို့ညလယ်စာစားတိုင်းဘယ်သူ့မှခေါ်မနေတော့တာကများသည်။တခါတရံဦးလေးဘတ်တရေးနိုးထတာနဲ့ကြုံရင်တော့ဦးလေးဘတ်က kitchenထဲမှာရှိတဲ့ပစ္စည်းလေးတွေနဲ့Jiminခံတွင်းတွေ့အောင်အမျိုးမျိုးချက်ပြုတ်ကြော်လှော်ပေးတတ်သည်။အဲလိုနေ့မျိုးတွေဆိုရင်တော့ညလယ်စာကိုအများကြီးစားမိတတ်သွားသည်။
"ဦးလေးဘတ်နိုးနေရင်ကောင်းမှာ"
အခုလည်းအခန်းတံခါးဖွင့်ပြီးထွက်လာကတည်းကဦးလေးဘတ်နိုးနေပါစေလို့ဆုတောင်းလာတာအောက်ထပ်ကိုဆင်းတဲ့လှေကားထစ်တွေပေါ်ရောက်တဲ့အထိဘဲ့ ....
ညာဘက်လက်ကနာနေတော့စိတ်ကဦးလေးဘတ်ကိုတမ်းတနေမိသည်။
ВЫ ЧИТАЕТЕ
ချာတိတ် ( Jeon)