"ခဏနော် Jungkook... "
ကုန်တိုက်ထဲကလူကြီးဝတ်ရောင်းတဲ့ဆိုင်တဆိုင်ထဲ၌ဖြစ်သည်။ဟန်နီကသူမ,မေမေအတွက်အဝတ်အစားတချို့ရွေးနေရင်းမှလှမ်းပြောသည်။ရတယ်ဟုဆိုကာသူခေါင်းတချက်ညိတ်ပြလိုက်တော့စိတ်အေးသွားပုံရကာအေးအေးဆေးဆေးပြန်ရွေးနေလေသည်။နံဘေးမှာရပ်စောင့်နေတာတော်တော်ကြာနေပြီမို့ဟန်နီကသူ့ကိုအားနာလာ၍ဖြစ်မည်။
ဟိုကြည့်ဒီကြည့်နဲ့သူရပ်နေတုန်း
ညာဘက်လက်မှာပတ်တီးစည်းထားတဲ့Park Jiminကိုဆိုင်တဆိုင်ထဲကထွက်လာတာတွေ့လိုက်သည်။သူနဲ့ကိုယ်ကအနည်းငယ်လှမ်းတယ်ဆိုပေမယ့်မျက်နှာချင်းဆိုင်အနေအထားမို့သူလည်းကိုယ့်ကိုမြင်မှာသေချာတယ် .. ...
လက်ကပတ်တီးဖြူဖြူတွေကိုစိုက်ကြည့်နေတာမြင်တော့အပေါ်ကခြံုလာတဲ့ကုတ်အင်္ကျီနဲ့မမြင်အောင်ဆွဲဖုံးလိုက်သည်။မျက်နှာထားကတော့
သူ့ပုံစံအတိုင်းမရယ်မပြုံးခပ်တင်းတင်းပင် ....နံဘေးမှာထိုင်ပြီးအဝတ်အစားတွေ
ရွေးနေတဲ့ဟန်နီ့ကိုတချက်
ကြည့်လိုက်ပြီးလုံးဝမသိကြတဲ့လူတွေလိုချက်ချင်းမျက်နှာလွဲသွားသည်။ဝန်ထမ်းတွေတသီတတန်းကြီးဖြင့်လာပုံထောက်တော့အလုပ်ကိစ္စဘဲ့ဖြစ်မည်။နံဘေးကဝန်ထမ်းတွေကိုစကားပြောရင်းသူရပ်နေတဲ့ဆိုင်ရှေ့ဖြတ်သွားတဲ့ Park Jiminမျက်နှာကလိုတာထက်ပိုတင်းမာနေသလို...စိတ်ထဲနည်းနည်းတော့အောင့်သက်သက်ဖြစ်သွားမိတာအမှန် ... .. ကြည့်သွားတဲ့မျက်အိမ်ကျဥ်းကျဥ်းတွေကသူ့ကိုတခုခုပြောချင်နေသလိုခံစားရသည်။Park Jiminနဲ့မျက်လုံးခြင်းဆုံပြီးကတည်းကသူ့စိတ်တွေလေးလံသွားတာအခုထိပင်။Shopping Mall တခုလုံးပတ်ပြီးစျေးဝယ်နေတဲ့ဟန်နီ့နောက်ကိုလည်းဆက်လိုက်ချင်စိတ်တွေလည်းမရှိတော့....စိတ်အာရုံတခုလုံးက Park Jiminရဲ့မျက်အိမ်ကျဥ်းကျဥ်းတွေရဲ့အကြည့်ကိုသာအဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြည့်နေမိသည်။
"နေမကောင်းဘူးလား .. Jungkook"
ကော်ဖီဆိုင်မှာအတူထိုင်နေရင်းသိသိသာသာတိတ်ဆိတ်နေတော့သူ့နဖူးကိုလက်ဖဝါးလေးနဲ့စမ်းကာစိုးရိမ်တကြီးမေးလာသည်။
ESTÁS LEYENDO
ချာတိတ် ( Jeon)