စာရေးသူ၏

177 13 1
                                    

ဒီညဖုန်းလေးထဲမှာ ချစ်ရတဲ့
အမျိုးသားလေးဟာ
ငြိမ်သက်စွာနဲ့ ကျွန်မဆိုပြတဲ့
သီချင်းလေးတွေကို နားထောင်နေခဲ့တယ်

ခဏအကြာတော့
ပုံပြင်ပြောပြပါလားတဲ့
ကျွန်မလည်း ချစ်ရတဲ့ အမျိုးသားလေးကို
ပုံပြင်လေးတွေ တစ်ပုဒ်ပြီး
တစ်ပုဒ်ပြောပြနေမိတယ် သူဟာလည်း
အင်း အွန်းနဲ့ သံယောင်လိုက်ပြီး
ကျွန်မပြောသမျှ နားထောင်နေတာဘဲ

အချိန်အတန်ကြာတော့
သံယောင်လိုက်သံလေးဟာ
တိတ်ဆိတ်သွားတယ်
ဒါကြောင့် ကျွန်မ ပုံပြင်ပြောတာ
ရပ်လိုက်ပြီး ဘာပြောမလဲနားထောင်တော့
အသံရှူသံမှန်မှန်လေးကလွဲပြီး
ဘာမှမကြားရတော့ဘူး

“ ပူတူးရေ အိပ်ပီလား ” လို့
ကျွန်မမေးလိုက်သေးတယ်
တိတ်ဆိတ်နေတဲ့ ကောင်လေးဟာ
ဘာမှပြန်မဖြေဘူး
ကျွန်မ ခပ်တိုးတိုးရီမိပါတယ်
အကျယ်ကြီးတော့မရီရဲဘူးလေ
တော်ကြာနေ အိပ်နေတဲ့ ကောင်လေး
နိုးသွားမှဖြင့်

ကျွန်မ အူယားလွန်းလို့
“ ပူတူးလေးရေ ဂွတ်နိုက်နော် ချစ်တယ် ” လို့
ပြောပြီး အတန်ကြာ ဖုန်းမချဘဲနေမိသေးတယ်
အသက်ရှူသံသဲ့သဲ့လေးဟာ
ကောင်လေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပီမှန်းသိလိုက်ပါပြီ

ဒီလိုရိုးရှင်းတဲ့ ဖြစ်ရပ်လေးမှာတောင်
ကျွန်မဟာ ရင်တွေခုန်ပြီး
အူယားနေခဲ့တယ်
ကောင်လေးဟာ တစ်ကယ်အိပ်မောကျသွားခဲ့တာဘဲ
အိပ်ပါစေလေ ဒီည ကောင်လေး
အေးအေးချမ်းချမ်းအိပ်ပျော်ပါစေ
အိမ်မက်လှလှမက်ပါစေလို့ပါ ဆုတောင်းပေးမိပါသေးတယ်
ကျွန်မချစ်ရတဲ့ အမျိုးသားလေးကို
ကျွန်မ ဘယ်လိုနေနေ သဘောကျပြီး
ဘယ်အဖြစ်အပျက်မဆို သဘောကျလွန်းလို့ ဒီစာလွှာလေးရေးဖြစ်တာပါ

သေချာပါတယ်
ကျွန်မဒီစာလေးရေးနေတဲ့အချိန်
ပြုံးပျော်နေခဲ့တယ်ဆိုတာ.....❤️

ရင်ဖွင့်လွှာများWhere stories live. Discover now