ချစ်ရသူ အကြောင်း❤️

170 7 0
                                    

သူနဲ့ ပတ်သတ်ပြီးဆိုရင်
အမှန်အတိုင်းပြောရရင်တော့ စစတွေ့ချင်းတုန်းက သူ ကိုယ့်နားကပ်တာနဲ့ အရမ်းကြောက်ခဲ့တယ်
သူ့ပုံစံနဲ့ သူ့အရှိန်ကို ကြည့်တာနဲ့ တင်လန့်ခဲ့ဖူးတယ်

စကားလည်း မပြောရဲသလို
သူ့ကို မျက်လုံးနဲ့တောင် စူးစိုက် မကြိုက်ရဲဘူးရယ်
သူကိုယ့်နားက လမ်းဖြတ်လျှောက်ရင်တောင် ကြက်သီးထသည်အထိကို ဖြစ်ခဲ့ရတယ်

သိပ်မကြာခင်မှာဘဲ
သူနဲ့ ခင်မိသွားတယ်
ခင်မိသွားတာကလည်း သူက အတန်းထဲမှာ ဖဲခိုးရိုက်တယ်လေ
အဲ့ဒီအတွက် “  ပိုက်ဆံ ရှိလားရှိရင် ခဏပေး မနက်ဖြန် ပြန်ပေးမယ် ” ဆိုတဲ့ လေသံမာမာကြောင့်
ကိုယ်ဟာ ခပ်လန့်လန့်နဲ့ ပိုက်ဆံချေးပေးခဲ့တယ်

အဲ့မှာ သူနဲ့ ကိုယ်စခင်တယ်
ဘယ်လောက်ဘဲ လန့်လန့်
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြန်လိုချင်တော့ အရဲစွန့်ပြီး သူ့ဆီကနေ ကိုယ့်ပိုက်ဆံကို ပြန်တောင်းတယ်
အဲ့ဒီမှာ စကားတွေပြောဖြစ်ကြတယ်
ဒီလိုနဲ့ဘဲ အရင်ကလောက်ကြီး
သူကကြောက်ဖို့ မကောင်းတော့ဘူး

လွယ်အိတ် သယ်ခိုင်းရဲတဲ့အထိကို
သူနဲ့ ကိုယ် ခင်မိသွားကြတယ်
သူငယ်ချင်းတွေဖြစ်လာကြတယ်
သူနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးက
ရက်ပိုင်းကလေးမှာတောင်
ထူးခြားလာခဲ့တယ်

ဒီလိုနဲ့ တစ်ဆင့်ချင်းတိုးပြီး
ဘာမှ မဆိုင်သေးတဲ့ ဆက်ဆံရေးမှာတောင် တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတတ်လာကြတယ်

သူက စိတ်ဆိုး စိတ်တိုလွယ်တယ်
ကိုယ် သူစမ်းယောက်ျားလေးတွေနဲ့ စကားပြောရင် သူမျက်နှာက တင်းမာလာတော့တာဘဲ

သူကိုယ့်ကို စိတ်ဝင်စားကြောင်း
ပြလာတုန်းက ကိုယ် မသိချင်‌ယောင်ဆောင်ခဲ့တယ်

“ မနှောင်သင့်တာတွေ ” ဆိုတဲ့စကားနဲ့ သူ့ဆီက ဖွင့်ပြောစကားတွေကို ကိုယ် ငြင်းပြစ်လဲ့ပါတယ်

ဒီလိုနဲ့ အချိန်တွေကြာလာတော့
လူဆိုးလေးက
ပြန်မချစ်ရင် မဖြစ်တော့အောင်
ကိုယ် သနားလာအောင်
အမျိုးမျိုး ပြောပြီး အဖြေတောင်းတော့တာဘဲ

အမှန်ဆို ကိုယ်လည်း သူ့ကို
စိတ်ဝင်းစားမိနေတာ
ဒီလိုနဲ့ဘဲ သူငယ်ချင်းဆက်ဆံရေးလေးကနေ
အခုဆိုရင် သူမရှိရင် မဖြစ်တော့တဲ့ အခြေအနေအဖြစ်
တစ်ယောက်အတွက် တစ်ယောက်ရှိနေခဲ့ကြတယ်....

ကံကြမ္မာကိုလည်း ယုံချင်ပါတယ်
ကိုယ်သူနဲ့ ခွဲရရင်တော့
လောကြီးကို အပြစ်အကြီးကြီးတင်ပြစ်မယ်.......။


#harrienyichaw

ရင်ဖွင့်လွှာများWhere stories live. Discover now