အပိုင်း-၁

255 36 4
                                    

Unicode

"ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ အခုပဲရှင်းပြပြီးပြီဆိုတော့ ဒါနဲ့ဆင်တူတဲ့ နောက်ထပ်မေးခွန်းတစ်ခုကို ဆက်လုပ်ကြည့်ကြမယ်.."

စာသင်တဲ့စင်မြင့်ထက်ကနေ ကြည့်ကောင်းပြီး ငယ်ရွယ်ချောမောတဲ့ အဖြူရောင် တီရှပ်ဝတ်ထားတဲ့ ဆရာက ပြောလာသည်။ သူက စာအုပ်ရဲ့ စာမျက်နှာကို လှန်လိုက်ပြီး မေးခွန်းကို ချရေးလိုက်သည်။ ပြီးတော့ ကျောင်းသားတွေရှိနေတဲ့နေရာဆီ ဝေ့ကြည့်လိုက်ပြီး ခေါ်လိုက်သည်။

"ချီချန်... လာပြီး ဒီမေးခွန်းကိုဖြေကြည့်.."

ငါက ဒီနေ့ ကုလောင်ရှီး ဘယ်လောက်တောင် ချောမောလွန်းနေတာလဲဆိုတာကို တွေးနေရင်း စိတ်ကူးထဲနှစ်မျောနေခဲ့သည်။ အဲ့အချိန်မှာ ငါ့နာမည်ကိုခေါ်တဲ့အသံကြားလိုက်ရတော့ တော်တော်လန့်သွားသည်။ မြန်မြန်ဆန်ဆန်ပဲ စာအုပ်ကိုယူလိုက်ရင်း စာသင်တဲ့စင်မြင့်ဆီကို သွားလိုက်ရတော့သည်။

"ငါတော့ ဒုက္ခရောက်တာပဲ... ကုလောင်ရှီး ငါစိတ်ကူးယဉ်နေတာကို မြင်သွားလို့ဖြစ်မယ်.."

လမ်းလျှောက်နေရင်း စိတ်ထဲမှာ ငိုကြွေးမြည်တမ်းနေမိသည်။ ကျောက်သင်ပုန်းဆီသွားနေတဲ့တစ်လျှောက်လုံး စင်မြင့်မှာရပ်နေတဲ့သူဆီကို တစ်ချက်ခိုးကြည့်မိသည်။  သူ့ရဲ့ ပြည့်စုံလွန်းတဲ့ မေးရိုးကိုမြင်မြင်ချင်းပဲ ငါ့အကြည့်တွေကို ရုတ်သိမ်းလိုက်တော့သည်။ ကုလောင်ရှီးအရင်ဘဝက ကမ္ဘာကြီးကိုကယ်တင်ခဲ့လို့ ဒီလောက်ချောမောလွန်းနေတာဖြစ်ရမည်။

စာအုပ်ကိုဖွင့်လိုက်ပြီး မေးခွန်းကို သုံးကြိမ်လောက်ဖတ်ကြည့်ရင်း သက်ပြင်းချမိသည်။ ငါကတော့ အရင်ဘဝက စကြဝဠာကြီးကို ဖောက်ခွဲမိခဲ့လို့များ ဒီလောက်တောင်ကံဆိုးနေရတာလား။ အမြဲတမ်း ငါနားမလည်တဲ့မေးခွန်းတွေကို ဖြေခိုင်းဖို့အတွက် အခေါ်ခံရသည်။  ကျောက်သင်ပုန်းကို တစ်မိနစ်ထက်ပိုကြာတဲ့အချိန်ထိ မျက်နှာမူပြီး ကုလောင်ရှီးဖက်ကို ကျောပေးထားသည်။ ရုတ်တရက်ပဲ အနောက်ကလူက ငါ့ဆီကို နီးကပ်လာတာကိုခံစားမိသည်။ မသိစိတ်ကြောင့် ငါ့ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့ချောမောလွန်းတဲ့မျက်နှာကို နီးနီးကပ်ကပ်မြင်လိုက်ရသည်။

ဘော့စ်က ငါ့အကြောင်း အဝါရောင်အိမ်မက်တွေ ညတိုင်းမက်နေတယ်Donde viven las historias. Descúbrelo ahora