[Unicode]
အခုလင်းသစ်ရောက်နေတဲ့နေရာက အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ကျောင်းအုပ်ကြီးရဲ့ရုံးခန်းမှာပါ ရောက်နေရတဲ့အကြောင်းကတော့ဒီလိုပါ.....
"လင်းသစ်ခေတ်ဆိုတာ မင်းလား?"
"ဟုတ်ပါတယ်ဗျ"
"ဟက် မင်းကတော်တော်ချောနေတယ်ဆိုတော့ ငါ့ကောင်မလေးကမင်းမှမင်းဖြစ်နေတာကို"
"ခင်များ ဘာကိုပြောချင်တာလဲဗျ"
"မသိသလိုမနေစမ်းပါနဲ့ မင်းရဲ့ချောပါတယ်ဆိုတဲ့မျက်နှာကိုငါစုတ်ပြတ်သတ်သွားအောင်လုပ်ပစ်မယ်"
"ခွက်......🥊"
ဖြစ်စဥ်ကတော့အဲ့လိုပါ
"မင်းတို့အချင်းချင်းရန်ဖြစ်ကြတယ်ဆို"
"ဟုတ်ပါတယ် ဆရာကြီး""ဘယ်သူဘက်ကစတာလဲ"
"သူတို့ဘက်ကပါ ဆရာကြီး အကြောင်းကတော့သူ့ကောင်မလေးကကျနော့်ကိုလာကြိုက်လို့ပါ"
"ဟေ....သူ့ကောင်မလေး"
"ဟုတ်ပါတယ် ဆရာကြီး"
"ဒါဆို ဒီကောင်က ကျောင်းစည်းကမ်းနှစ်ခုတောင်ဖောက်ဖျက်တာပဲ ရည်းစားထားတာ တစ်ခု ရန်ဖြစ်တာတစ်ခုပေါ့....."
ရန်စခဲ့တဲ့ကောင်လေးမှာတော့ ဘာမှပြန်မပြောနိုင်ပဲနေတော့သည် ဘေးမှာလည်းမိဘတွေနဲ့မို့အမှန်ကိုသာမငြင်းပဲနားထောင်နေရတော့သည်....။
"လင်းသစ်ကတော့ရန်ဖြစ်တဲ့အမှုထဲပါတာမို့ ကျောင်းတစ်လနားပြီးကိုယ့်အပြစ်ကိုပြန်သုံးသပ်
ဟိုကောင်လေးကတော့ ကျောင်းထွက်လက်မှတ်ထိုးပါ မင်းတို့သိကြတဲ့အတိုင်းပဲ ဒီကျောင်းမှာစည်းကမ်းနှစ်ခုဖောက်ဖျက်တာနဲ့ကျောင်းထွက်ရမယ်ဆိုတာ""ဟုတ်ကဲ့ပါ ဆရာကြီး"
...............................
"လင်းသစ် နင်ဘယ်နားထိသွားသေးလဲ"
အပြေးရောက်လာတာကတော့အစ်မပါ အစ်မမျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ စိုးရိမ်မှုတွေကိုလည်းကျနော်မြင်နေရသည်။
"အစ်မ သားဘာမှမဖြစ်ပါဘူး နဲနဲပဲထိသွားတာပါ"
"ဘာလို့ငါ့ကိုမခေါ်ပဲရုံးခန်းထဲတစ်ယောက်ထဲဖြေရှင်းရပြန်တာလဲကွယ်"
YOU ARE READING
တွယ်ငြိရာ သူ့လိုလူ
Romanceမြို့တစ်မြို့ရဲ့အကောင်းမွန်ဆုံးကျောင်းကြီးတစ်ကျောင်းထဲမှာ အလွန်ကိုချောမော စာတော်ပြီး ကောင်မလေးတိုင်းရဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်လေး "လင်းသစ်ခေတ်"..... ကျောင်းကိုအသစ်ပြောင်းလာပြီးဘက်စုံတော်တဲ့လူဆိုးလေး"မင်းအုပ်စိုး"က ပျိုတိုင်းကြိုက်နှင်းဆီခိုင်လ...