[Unicode]
"ကဲအခန်းထဲကနွားလေးရေ ဆင်းလာပီးမနက်စာမျိုတော့ တကယ်ပဲအခန်းထဲမှာသေများသေသွားပြီလားမသိဘူး"
"ထပါပီဗျာ ရေချိုးနေလို့ပါ"
အသံလေးကြားရပီးနောက် တံခါးလေးကတဖြည်းဖြည်းပွင့်လာသည် ထိုသူ၏မျက်နှာလေး ရေချိုးရင်းခေါင်းပါလျှော်ထားသည်နှင့်တူသည် ဆံပင်လေးများကရေစို၍မျက်နှာလေးကနီရောင်သန်းပီး မြင်ရသူအဖို့ရင်ခုန်မိစေသည်
"ဟေ့ ကိုယ်ချောတာသိပါတယ်နော် အဲ့လောက်ကြီးလည်းစိုက်ကြည့်မနေပါနဲ့ဗျာ"
"ငါဘယ်မှာကြည့်လို့လဲ မင်းပီးပီဆိုလည်းဆင်းလာခဲ့တော့ငါအောက်ဆင်းတော့မယ်"
"နေပါဦးဗျ ခေါင်းလေမှုတ်ဖို့ကူပေးပါလား"
"မင်းမှာလက်မပါဘူးလား ကိုယ့်ဘာသာလုပ်လေ လျှာရှည်ပြီးခေါင်းလျှောက်ပီးတော့ နေမကောင်းဘူးဆို ထပ်ဖြစ်လိမ့်မယ် မင်းကလေကိုယ့်ဘာသာဂရုမစိုက်နိုင်ဘူးလား"
"အခုကိုယ့်ကိုဆူနေတာလား"
"အဟမ်း မဆူပါဘူး မင်းသိအောင်ပြောပြတာ"
"ဒါဆိုစိတ်ပူနေတာလား"
"မဟုတ်ပါဘူးဆို မင်းဆံပင်လေမှုတ်မလို့ဆို လာငါကူပေးမယ်"
"ဟုတ်ကဲ့ပါဗျ"
"လာ ထိုင်"
"ဟုတ်ကဲ့"
"မင်းဆံပင်ကိုခြောက်အောင်သုတ်ရမှာတို့ နေမကောင်းရင်ခေါင်းမလျှောက်ရတာတို့ မင်းမိဘမသင်တွေပေးဘူးလား"
"ငါမိဘတွေကကွဲနေကြတာ အမေကလည်းငါ့ကိုဂရုမစိုက်နိုင်ဘူး သူ့အလုပ်နဲ့သူ အဖေဆိုပိုတောင်ဆိုးသေးတယ်"
"ဟမ် ငါတောင်းပန်ပါတယ် မင်းအုပ်စိုးရယ် အဲ့လိုပြောဖို့ငါမရည်ရွယ်ပါဘူး"
"အင်းရပါတယ်"
ရပါတယ်လို့ပြောတာပြောနေတာပါ သူ့ရဲ့မျက်နှာလေးမှာဝမ်းနည်းနေတဲ့ပုံပေါ်နေသည်
"မင်းအခုတစ်ယောက်ထဲနေနေတာပေါ့"
"အင်း ဟုတ်တယ်"
"မင်းနေရတာအဆင်ပြေရဲ့လား "
"အင်း ပြေပါတယ် အခုတောင်မင်းရှိနေပီပဲ"
YOU ARE READING
တွယ်ငြိရာ သူ့လိုလူ
Romanceမြို့တစ်မြို့ရဲ့အကောင်းမွန်ဆုံးကျောင်းကြီးတစ်ကျောင်းထဲမှာ အလွန်ကိုချောမော စာတော်ပြီး ကောင်မလေးတိုင်းရဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်လေး "လင်းသစ်ခေတ်"..... ကျောင်းကိုအသစ်ပြောင်းလာပြီးဘက်စုံတော်တဲ့လူဆိုးလေး"မင်းအုပ်စိုး"က ပျိုတိုင်းကြိုက်နှင်းဆီခိုင်လ...