635 101 162
                                    

~ဖြန်းးးးး

မနက်စောစောစီးစီး အိပ်လို့ကောင်းနေသည်ကို
လူလိုမသိတဲ့ကောင်ကတစ်ကိုယ်လုံး‌ပွတ်သပ်ပြီး
အသက်ရှူရပ်တော့မတတ်အနမ်းခံရသည်၊
အိပ်ကောင်းကောင်းနဲ့လည်းနိုးလာရသည့်အပြင် မနေ့က မရှိဘူးအထင်နှင့် ဝတ်ထားမိသည့်
Bathrobeဟာ ကြိုးအဖြုတ်ခံရပြီး ရှေ့တစ်ပိုင်းလုံးဝတ်လစ်စလစ်ဖြစ်နေရသည်ကြောင့်
ဒေါသထွက်ထွက်နှင့် ရိုက်လိုက်မိ၏။

"အကို"

လက်ဝါးရာနှင့်အတူ တလိပ်လိပ်တက်နေသည့် ဒေါသတွေက Kim Taehyung မျက်နှာမှာ ပေါ်လာ၏။Hoseok တကယ်ကိုလန့်နေပင်မဲ့
သူ့ကိုယ်ကို အုပ်မိုးထားသည့် Taehyung ကိုယ်ကို တွန်းဖယ်ပစ်ပြီး လှစ်ဟနေသည့် Bathrobeကို ဆွဲစိလိုက်ပြီး ကုတင်ပေါ်မှ ဆင်းမည်အပြု ချက်ချင်း ဆွဲချခံလိုက်ရပြီး အိပ်ရာနှင့်ကျောပြင်စွေ့ကနဲပြန်ကပ်သွားရ၏။

"Kim Tae မင်း ဘာဖြစ်နေတာလဲ "

"ကိုယ့်နမ်းရုံလေးကို ဘာလို့ ရိုက်တာလဲ "

ထိုသို့ပြောပြီးသည်နှင့် သူ့ပါးပြင်တွေကို လျှာနှင့်လျှက်ပြီး နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်၏။
ရွံ့ဖို့ကောင်းလိုက်တာ အဘယ်သူတွေဆီ ကူးလူးလာသည့် လျှာနှုတ်ခမ်းတွေနဲ့ သူ့ကိုယ်ကို ထိပါးနေရတာလဲ။

"Kim Taehyung ဖယ်စမ်း ရွံ့ဖို့ကောင်းအောင်လာမလုပ်နဲ့ "

"အဟင်းးးး အချစ် ကိုယ်လွှတ်ပေးတာများလို့ မင်းကသိပ်ရောင့်တက် တတ်လာတာပဲ "

အုပ်မိုးထားသည်ကိုဖယ်ပြီး ရေချိုးခန်းတွင်းဝင်သွားသည့်နောက်ကျောကို ကြည့်ရင်း လှောင်ပြုံး
လိုက်သည်။ဒီလိုပါပဲ ငါမင်းနဲ့မရှိချင်ခြင်းတရားတွေသာဟောရင်း  မင်းအမြဲဖြစ်ချင်ရာသာမင်းသိလို့ ဆိုတဲ့ တရားကိုထိပ်ဆုံးကထား၍ဟောမည်ပင်။

စေ့စပ်ပွဲကြော်ငြာ ပွဲလေးတစ်ပွဲနှင့်
သူ့ရဲ့အလုံးစုံကိုထိန်းချုပ်ချင်နေသည့်
Kim Taehyung ဟာ၊စေ့စပ်သူဆိုသည့် ကျင့်ဝတ်ကိုလည်း ဘယ်သောအခါမှမထိန်းသိမ်းခဲ့ပါပေ။

သတင်းစာတွင်နေရာယူသည်မှာ
သူရှုပ်သည့်သူများနှင့်လက်တွဲထွက်လာသည့်သတင်းသပ်သပ်သာဖြစ်ပြီး သူပါသည့်ခေါင်းစည်းက နာမည်တစ်ခု အသုံးအနှုန်းတစ်ခုနှင့်
ပစ်ပယ်ထားခဲ့ရပါသည်ဆိုသည့် သတင်းသာဖြစ်ပေလိမ့်မည်။

Because Of (VOPE)Tempat cerita menjadi hidup. Temukan sekarang