Chapter 3

2.1K 222 0
                                    

အဝတ်အစားနဲ့အစားအသောက်ပြသာနာကိုဖြေရှင်းပြီးနောက် ကျန်တာကသူ့ရှေ့ကဟာလေးနဲ့ဘယ်လိုညှိနှိုင်းရမလဲဆိုတာပင်ဖြစ်သည်။

ဒီအခြေအနေက ကိုင်တွယ်ဖို့အနည်းငယ်ခက်ခဲတယ်လို့ရှီဝမ်ခံစားရသည်။ ဘာကြောင့်လဲဆိုတော့ ရှောင်မုကျန်းလေးရဲ့ပေါ်ထွက်လာမှုကယာယီလား ထာဝရလားဆိုတာသူမသိပေ။

အကယ်၍ယာယီသာဆိုရင်ကိစ္စမရှိဘူး အဆင်ပြေသွားလိမ့်မည်။ အမြဲဖြစ်မယ်ဆိုရင် သူကအိမ်မှာမိန်းမငယ်လေးနဲ့အတူနေနေတဲ့အိမ်ထောင်သည်အမျိုးသားတစ်ယောက်ဖြစ်သွားပေမည်။ အချိန်တွေကြာလာရင် သူရှင်းပြနိုင်မှာမဟုတ်ဘူး။

ဒါ့အပြင်ရှောင်မုကျန်းလေးကဆယ့်ခုနစ်နှစ်ပဲရှိသေးတယ် သူမသာပြန်မသွားနိုင်ရင်သူမကိုကျောင်းအပ်ပေးဖို့ကလည်းခက်ခဲပေလိမ့်မည်။

ပြီးတော့ သူ့ဇနီးရဲ့ရှင်းပြလို့မရတဲ့ပျောက်ကွယ်သွားမှုကို သူဘယ်လိုရှင်းပြရမလဲ။ ရှီဝမ်များများတွေးလေ လုပ်ရမဲ့အရာအများကြီးရှိလေလေမှန်းသူသိလာရပြီး တခဏလေးတောင်အချိန်ဆွဲဖို့မဖြစ်နိုင်ပေ။ ဆိုဖာပေါ်တင်ထားတဲ့သူ့ရဲ့စာရွက်စာတမ်းအိတ်ကိုကောက်ယူလိုက်သည်။

" ငါကိစ္စလေးရှိသေးလို့အပြင်သွားအုံးမယ် အိမ်မှာပဲနေ လျှောက်သွားမနေနဲ့ "

ရှောင်မုကျန်းလေးကရှီဝမ်ရဲ့အင်္ကျီစကိုလှမ်းဆွဲလာသည်။
" ဘာကိစ္စရှိလို့လဲဟင် ဦးလေးအလုပ်ရှုပ်နေ တာလား"

" အလုပ်ရှုပ်နေတာမဟုတ်ပါဘူး တခြားကိစ္စလေးရှိလို့ပါ"

" အရေးကြီးလား ဒီနေ့လုပ်ရမှဖြစ်မှာလား"
ရှောင်မုကျန်းလေးကသူ့ကိုပြုံးပြလိုက်သည်။

" ဒီနေ့လုပ်ရမှရယ်တော့မဟုတ်ပါဘူး "

" အဲ့ဒါဆို နောက်နေ့မှသွားလုပ်တော့ ဦးဒီနေ့လုပ်ရမဲ့ဟာရှိတယ် "

ရှီဝမ်လန့်သွားသည်။
" ဒီနေ့ငါလုပ်ရမဲ့ဟာကဘာလဲ"

" ဒိတ် ကြ ရ  အောင် "

ရှောင်းမုကျန်းလေးကတစ်လုံးချင်းစီပြောလာသည်။ ရှီဝမ်မျက်လုံးတွေတဖြေးဖြေးပြူးကျယ်သွားသည်။

ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now