Chapter 5

2K 212 0
                                    

အိမ်ပြန်ရောက်တဲ့အခါ ရှောင်မုကျန်းကသဘာဝကျကျပဲ အိပ်ခန်းစီဝင်သွားလိုက်ပြီး ရှီဝမ်ကတော့ဧည့်သည်အခန်းရဲ့ရေချိုးခန်းကိုသွားသုံးရသည်။

ရှီဝမ် ဆံပင်ရေသုတ်ရင်းထွက်လာချိန်မှာ ဒူးထောက်ထိုင်နေပြီး သူမရဲ့ဒူးပေါ်မှာအပြာရောင်သားရေအဖုံးမာနဲ့ မှတ်စုစာအုပ်တစ်အုပ်တင်ထားတဲ့ရှောင်မုကျန်းကိုမြင်လိုက်သည်။ အဲ့ဒီစာအုပ်ကိုမြင်ဖူးသလိုရှိနေပေမယ့် ဘယ်မှာမြင်ဖူးမှန်း ရှီဝမ်မမှတ်မိတော့ဘူး။ ရေခဲသေတ္တာဖွင့်ပြီး အထဲမှာရှိနေတဲ့စားစရာတွေကိုကြည့်လိုက်သည်။
" မင်း ညစာဘာစားချင်လဲ"

ရှောင်မုကျန်းမော့မကြည့်ပဲပြောလာသည်။
" ပေကျင်းဆော့နဲ့ဝက်သားစဉ်းကော ကိုလာကြက်တောင်ပံ ပင်လယ်ရေညှိအေးနဲ့ ပြောင်းဖူးနံရိုးစွတ်ပြုတ် "

ရှီဝမ်မျက်လုံးတွေကသူ့လက်ထဲကိုင်ထားတဲ့ခရမ်းချဉ်သီးဆီရောက်သွားပြီး ဥတချို့နဲ့သခွားသီးတွေပဲရှိတဲ့ရေခဲသေတ္တာဟောင်းလောင်းကို ကြည့်လိုက်သည်။

ပေကျင်းဆော့ဝက်စဉ်းကောနဲ့ကိုလာကြက်တောင်ပံလား သူမချက်နိုင်လို့မဟုတ်ဘူး ချက်ရမယ့်ပစ္စည်းတွေမရှိရုံလေးပါပဲ။
လူလေးကသေးသေးလေးနဲ့ ပါးစပ်ပေါက်လေးကအတော်ဂျီးများသည်။ အဆုံးမှာတော့ ရှောင်မုကျန်းလေးနောက်ထပ်ခေါက်ဆွဲတစ်ပန်းကန်ပဲစားခဲ့ရသည်။ ကြက်စဉ်းကောတောင်မရှိဘူး။ ခရမ်းချဉ်သီးကြက်ဥမွှေကြော်တစ်ပွဲနဲ့ သခွားသီးတစ်ပန်းကန်သာရှိသည်။ ရှောင်မုကျန်းခေါက်ဆွဲစုပ်သွင်းရင်း အထွန့်တတ်နေသည်။

" သမီးကဖွံ့ဖြိုးဆဲအရွယ်လေ ဘာလို့များဒီလိုမျိုးနှိပ်စက်နိုင်ရတာလဲ"

"ပေကျင်းဆော့ဝက်စဉ်းကောနဲ့ ကိုလာကြက်တောင်ပံတွေကပြောတယ် သူတို့မင်းစားတာမခံချင်ဘူးတဲ့ မင်းစားဖို့သူတို့ကိုဘယ်လိုတောင်ဖိအားပေးနိုင်ရတာလဲ"

သူ့စကားတွေနဲ့နှုတ်ပိတ်ခံလိုက်ရတဲ့ရှောင်မုကျန်းတစ်ယောက် အတော်ခါးသီးသွားသည်။
" ဦးလေးတို့ ရှေ့နေတွေကအလေးအထားဆုံးက လူမှုအခွင့်အရေးပဲမဟုတ်လား သမီးရဲ့တီထွင်ဖန်တီးထားတဲ့စကားကို အလွဲသုံးစားလုပ်တယ် ဦးလေးကသမီးရဲ့အခွင့်ရေးကိုထိပါးနေတယ် ချိုးဖောက်တာ..."

ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now