ရှောင်မုကျန်းသက်ပြင်းတစ်ချက်ချလိုက်သည်။
" ဦးလေး သူတို့ရှေ့မှာ အဲ့လိုကြီးမပြောလို့မရဘူးလား"" သူတို့ကိုယ်ကသာကောင်းမနေရင် ဘယ်လိုလုပ်ချစ်ဖို့ကောင်းမှာလဲ "
ရှီဝမ် တိရိစ္ဆာန်ပိစိလေးတွေကိုဂရုမစိုက်ပေ။
" သွားကြစို့ အရမ်းမစောတော့ဘူး ငါတို့ကစားကွင်းလည်းသွားဖို့ရှိသေးတယ်လေ "ရှောင်မုကျန်း တစ်စက်မှမရွေ့ဘဲရှီဝမ်ကိုသနားစရာကောင်းစွာ ကြည့်လာသည်။
" ဦးလေး တစ်ကောင်လောက်ပြန်ဝယ်သွားလို့မရဘူးလားဟင်"ရှီဝမ် ခေါင်းကိုက်ရလေပြီ။ ငြင်းဆန်ချင်ပေမဲ့လဲတွေးမိလိုက်တဲ့အခါ ငြင်းမဲ့စကားတွေကိုပြန်မြိုချလိုက်ရသည်။
" မင်း ယုန်တွေကိုသဘောကျတာလား"
ရှောင်မုကျန်း ခေါင်းလေးညိတ်ပြလာသည်။" ခွေးတွေရော ကြိုက်လား"
ရှောင်မုကျန်းခေါင်းထပ်ညိတ်တယ်။
" ကြောင်တွေရော ကြိုက်လား"ရှောင်မုကျန်းခေါင်းထပ်ညိတ်ပြန်သည်။
" တိရိစ္ဆာန်သေးသေးလေးတွေ အကုန်လုံးကိုသဘောကျတာလား"
ရှောင်မုကျန်း စဉ်းစားပြီးခေါင်းပဲဆက်တိုက်ညိတ်နေသည်။ သူ့ခေါင်းပိုကိုက်လာတယ်လို့ကရှီဝမ်ခံစားရသည်။ ရှီဝမ်ငယ်ငယ်ကခွေးကိုက်ခံရဖူးတာကြောင့် ခွေးတွေကိုသဘောမကျပေ။ တခြားအကောင်အသေးလေးကိုတောင်သဘောမကျတော့ပေ။
သူ့ဇနီးကို လက်မထပ်မီက သူ့ဇနီးကအကောင်လေးတွေမွေးချင်မှာကို သူစိုးရိမ်ခဲ့ရသည်။ ဒါကြောင့်သူသေချာသီးသန့်မေးခဲ့သည်။အဲ့ဒီနောက် သူ့ဇနီးကဘယ်လိုပြန်ဖြေခဲ့ပါလိမ့် ကြည့်ရတာဒီလိုဖြေခဲ့တာဖြစ်မည်။
'ကျွန်မစိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ် လူတွေကိုကူညီနေရတာနဲ့တောင်မအားတာ တိရိစ္ဆာန်လေးတွေကိုဂရုစိုက်ဖို့အချိန်ပိုဘယ်လိုရှိပါ့မလဲ'ရှီဝမ် ခံစားချက်တွေကိုမပေါ်လွင်စေဘဲ စဉ်းစားနေမိသည်။ ဆယ့်ခုနစ်နှစ်အရွယ်မင်းကတော့စိတ်ရှည်သည်းခံမှုနဲ့နှစ်သက်မှုတွေ အကန့်အသတ်ရှိနေပုံမပေါ်ပေ။
YOU ARE READING
ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]
Short StoryDescription ရှီဝမ်နဲ့သူ၏ဇနီးသည်မုကျန်းတို့သည် အိမ်ထောင်သက်ခုနစ်နှစ်အကြာမှာ ကွာရှင်းဖို့ရန်အတွက်နောက်တနေ့တွင်ပြည်သူ့ရေးရာဗျူရိုသွားကြဖို့တည်ငြိမ်စွာသဘောတူခဲ့ကြသည်။ ရလဒ်အနေနဲ့ မနက်ခင်းမှာအခန်းတံခါးပွင့်လာပြီး သူ့ဇနီးသည်က၁၇နှစ်အရွယ်မိန်းမငယ်လေး ပြန်ဖြစ...