"ရိက္ခာတပ်တွေ လမ်းမှာဖြတ်တိုက်ခံရပါတယ်..."
ထိုစကားတစ်ခွန်းသည် အန်ဂလိုစစ်တပ်ကိုဦးစီးသောလူ၏မျက်နှာကို မှောင်ကျသွားစေသည်။အင်အားချင်းဆိုင်ပြီး စမ်းနေကြသည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီးမည်သည့်ဘက်မှ လက်နက်မချသေးသည့်အနေအထားတွင်ဖြစ်၏။ သူတို့ဘက်ကလက်နက်အင်အားအသာစီးရသော်လည်း ဆုတ်ယုတ်လို့လာသည့် လူအင်အားမှာသိသိသာသာပင်ဖြစ်၏။
လူအင်အားလို၍ စစ်ကူတွေခေါ်တိုင်းလည်း သူတို့ဆီချောချောမွေ့မွေ့ရောက်ရှိလာခြင်းမရှိ။စစ်ကူများသွားရာလမ်းကြောင်းတိုင်းတွင် ကင်းပုန်းများရှိနေတာဖြစ်ပြီး အခေါက်တိုင်းလိုလို ကျရှုံးရ၏။ ပင်လယ်ပြင်ဘက်မှ ပင်လယ်ကူးသင်္ဘောများဖြင့် တိုက်ရိုက်စစ်ကူများလာခဲ့သည့်တိုင် ဆိပ်ကမ်းဘက်၌လည်း အလစ်တိုက်ခံခဲ့ရမှုများရှိသည်။
မည်သည့်လမ်းကြောင်းများမှသွားသည်ဖြစ်စေ သူတို့၏ လမ်းကြောင်းကို ခြေရာခံနိုင်သည့်ရန်သူတို့၏ နယ်မြေကျွမ်းကျင်မှုနှင့် ပြောက်ကျားစနစ်များကို လုံးဝလျော့တွက်၍မရခဲ့။
နေ့စဉ်ရက်ဆက်ဆိုသလိုလည်း ရှေ့တန်းစခန်းမှာရှိသည့် စစ်သည်များ အဆိပ်သင့်၍သေဆုံးခြင်းများရှိသည်။ အကြောင်းအရင်းကို ရှာကြည့်လိုက်သည့်အခါ ထိုစစ်သည်များစားသုံးခဲ့သော အစားအသောက်များထဲ၌ အဆိပ်များပါဝင်နေတာဖြစ်သည်။ ဖြစ်နိုင်ခြေအရှိဆုံး ယူဆချက်မှာ စားရေးသောက်ရေးတာဝန်ခံများမသိရှိလိုက်သည့်အချိန်၌ အစားအသောက်အိုးများထဲသို့ အဆိပ်ခတ်ခံရတာဖြစ်၏။သို့သော် မည်သို့မည်ပုံလာရောက်ကျူးလွန်သွားသည်ကို မည်သူမှမသိခဲ့လိုက်ရခြင်းဖြစ်သည်။
ထို့သို့ အဖက်ဖက်မှ ပုံစံအမျိုးမျိုးနဲ့ ထိုးစစ်၊ခံစစ်၊ ပြောက်ကျားစနစ်များဖြင့် တိုက်ခိုက်ခံနေရပါက ရေရှည်တွင် ရိက္ခာများပြတ်လပ်နိုင်ချေနှင့် လူအင်အားဆုတ်ယုတ်နိုင်ချေမှာ ရာခိုင်နှုန်းများလွန်းလှသည်။ သို့သော်စစ်ရှုံးသည့်ဘက်မှပေးဆပ်ရမည့် စစ်လျော် ကြေးပမာဏမှာ အဆမတန်များပြားလွန်းတာကြောင့် သူတို့အနေနဲ့ မထူးဇာတ်ခင်းရှေ့ဆက်တိုးရမည့် အနေအထားဖြစ်သည်။
___________ ______________

YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: