ဝမ်ရိပေါ်တို့သုံးဦးသား လူကွယ်ရာဝိုင်းတစ်နေရာတွင်ထိုင်လို့နေကြသည်။လူကွယ်ရာဆိုသော်ငြားကပွဲစင်ဘက်သို့ရှင်းရှင်းလင်းလင်းမြင်တွေ့ရ၏။စားပွဲထက်၌လည်းအဖျော်ယမကာများနှင့်အစားအ သောက်တချို့လည်းရှိလို့နေသည်။
ရှောင်းကျန့်ကထုံးစံအတိုင်းနာရာခန်မစားသုံးခင်ဦးစွာစမ်းသပ်စားသောက်ပြီးမှနာရာခန်ဘက်သို့ကမ်းလို့ပေးသည်။ရှောင်းကျန့်ကမ်းပေးလိုက်သောအရာများသည်သူတို့အလယ်မှာထိုင်နေသည့်ဝမ်ရိပေါ်ကိုဖြတ်ကျော်ပြီးမှသွားရတာဖြစ်၍ဝမ်ရိပေါ်ကအနှောင့်အယှက်ဖြစ်သည့်ဟန်ဖြင့်...
"ကပွဲရုံလာတာ ကပွဲကြည့်ဖို့မဟုတ်ဘူးလား..."
"ဝမ် ကြည့်နေတာကို နာရာတို့စိတ်အနှောင့်အယှက်ဖြစ်စေပြီထင်တယ်..."
"ကိုယ်ဆိုလိုတာအဲ့လိုမဟုတ်ပါဘူး...ကြည့်ရခဲတဲ့ကပွဲကိုဧကရီကောင်းကောင်းမကြည့်ရမှာစိုးလို့ပါ...ဧကရီ့ကြောင့်ကိုယ်ကဘယ်တော့မှစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာမရှိပါဘူး..."
"ရှောင်းကျန့်...နာရာ ဘက်ကိုမကမ်းပေးပါနဲ့တော့...ကိုယ့်ဟာကိုယ်ပဲအေးဆေးစားပြီး ကပွဲကိုသာကောင်းကောင်းကြည့်ပါ..."
ရှောင်းကျန့်က နာရာခန်ကိုကျော်ကြည့်လိုက်ပြီးနောက်သူတို့အလယ်မှာထိုင်နေသည့်ဝမ်ရိပေါ်၏ပုခုံးကိုပုတ်လိုက်ကာ...
"မင်းကိုကျော်ပြီးကမ်းပေးစရာမလိုအောင် ဒီဘက်မှာလာထိုင်နေလိုက်..."
တိုတိုပြတ်ပြတ်စကားတစ်ခွန်းကိုဝမ်ရိပေါ်မကြားဟန်ဖြင့်အကအလှဖျော်ဖြေမှုများကို အာရုံစိုက်ကြည့်လို့နေ၏။ ရှောင်းကျန့်ဘက်မှမည်သည့်စကားသံမှမကြားရသောအခါဝမ်ရိပေါ်တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
ရှောင်းကျန့်ကသူ့လက်ထဲကသေရည်ခွက်လေး၏နှုတ်ခမ်းဝလေးကိုလက်မဖြင့်ဖွဖွပွတ်သပ်နေတာဖြစ်ပြီးသောက်သင့်မသောက်သင့်ချိန်နေသည့်ပုံဖြစ်သည်။ဝမ်ရိပေါ်ဒါကိုကြည့်ရင်းဟက်ကနဲအသံပြုလိုက်ကာမကြားတကြားအသံဖြင့်...
"သောက်ချင်ရင်သောက်လိုက်ပေါ့..."
"ဘာလဲဟင် ဝမ်..."

VOCÊ ESTÁ LENDO
Bamboo Forest
Fanficအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: