ပြန်လည်ထူထောင်ရေး Center ရှေ့ကားထိုးရပ်
လိုက်ပြီးသည်နှင့်ထယ်ယောင်းအားအရေးပေါ်
Heatထိန်းချုပ်ရေးဌာနကိုတန်းပို့ကျတော့သည်
။ပျက်လုစဲစဲGlandကအတားအဆီးမရှိ၊အဖုံး
ဖွင့်ထားတဲ့ရေမွှေးတစ်ပုလင်းနဲ့တူလှပြီးအချိန်
တိုင်းလိုလို Pheromones အနံတွေထုတ်လွှင့်ပေး
နေတော့တယ်။ Inhibitors (ဖိနှိပ်ဆေး) သုံးလုံးထိ
ထိုးသွင်းခဲ့တာတောင်Heatကတော်ရုံကျမသွား။
ဆရာဝန်အများစုမှဘာမှဆက်မလုပ်နိုင်တော့။
Omegaကိုယ်ထဲအစွမ်းထက်Heatထိန်းချုပ်ဆေး
တွေထိုးသွင်းခဲ့ပြီးဖြစ်သည်။သို့သော်အခုထိ
အရေးပေါ်Heatတက်ခြင်းကိုထိန်းချုပ်မရ။
မွှေးလွန်းသည်သဇင်ပန်းPheromonesအနံကလေ
ထုထဲ ပျံလွင့်နေပြီးAlpha ဆရာဝန်အများစုမှာကိုယ့်ကိုကိုယ်ထိန်းချုပ်ရခက်ကုန်၏။သူတို့ရှေ့မှာအရမ်းလှတဲ့OmegaကHeatတက်နေ
ပြီလေ။ဒါလေးကိုတစ်ချက်ကိုက်လိုက်ရုံနဲ့အရမ်း
လှတဲ့Omegaလေးရဲ့အရသာကိုမြည်းစမ်းကြည့်
ရတော့မှာ။သွားတွေပင်ယားကျိကျိဖြစ်လာသော
Alphaတစ်သိုက်ကြောင့်ခွဲစိတ်ခန်းဆရာဝန်ပတ်
ဂျီမင်းမှာခက်ခဲသောဆုံးဖြတ်ချက်ကိုခပ်မြန်မြန်
သာချလိုက်ရတော့၏ ။ဒါက အခန်းတစ်ခန်းတွင်လူနာတစ်ယောက်ထဲကိုသီးသန့်ထားရန်ဖြစ်ပြီးအချိန်တစ်ခုထိစောင့်
ကြည့်ရန်သာရှိတော့သည်။ ရုံခန်းထဲတစ်ယောက်
တည်းအလုပ်များနေချိန်အခန်းတံခါးဖွင့်သံကြောင့်ချာကနဲလှည့်ကြည့်မိတော့၏ ။"အာ...ဂုကီ၊လာထိုင်...."
Omegaအား အောက်ခံအင်္ကျီချွတ်ပေးမိလိုက်သောသဒ္ဒါတရားကြောင့်ဂျောင်ကု ဝတ်စရာမရှိ
တော့။နီးရာအပေါ်coatအနက်ရောင်တစ်ထည်ကိုသာဝတ်ပြီးဆေးရုံသို့အမြန်ပင်ရောက်လာခဲ့တယ်။ကင်မ်ထယ်ယောင်းကိုစိတ်ပူလှသည်တော့မဟုတ်။ဒါ့ထက်တစ်လအတွင်းလွမ်းနေသည့်မျက်နှာလေးကိုမြင်ချင်ရုံ။ပိုင်ရှင်ရှိမှန်းသိပေမဲ့အစွဲအလမ်းကတော်ရုံမှမဖြတ်နိုင်တာ။
နာကျင်ပြီးရင်းနာကျင်ရုံပေါ့။
"ကော်ဖီသောက်မလား...."
ဂျောင်ကုဘာမှပြန်မပြော၊ခေါင်းသာညိမ့်ပြမိလိုက်
သည်။ဂျီမင်းဖျော်တဲ့ကော်ဖီကိုသူမသောက်ရတာ
ကြာရော။