နောက်သုံးလေးရက်အတွင်းဂျွန်ဂျောင်ကုဆိုတဲ့
Alphaမှာလုံးဝအိမ်ပြန်မလာခဲ့။အရင်ကဆို
တစ်ပတ်ဆယ်ရက်ပြည့်မှအိမ်ပြန်လာတတ်သည်ဆိုသည့်အကြောင်းကိုအိမ်အကူအဒေါ်ကြီးပြောမှထယ်ယောင်းပိုငိုချင်သွားတော့သည်။
သူဘာသူအပြင်ဘယ်လောက်နေနေကိစ္စမရှိ၊
ကိစ္စရှိတာကသူ။အခုချိန်ထိကိုယ်ပေါ်ကအင်္ကျီမှအပဝတ်စရာမရှိသေး။ရေချိုးလိုက်ဒါပဲကောက်
စွပ်လိုက်နဲ့လုပ်နေတာ..ကြာတော့အနံတွေထွက်လာကာဘေးနားကလူတွေအားနာလာရရော။"ဟို...ကျွန်တော်..ကျွန်တော်..."
အားတုံ့အားနာဖြစ်နေသောထယ်ယောင်းပုံကြောင့်အိမ်အကူအဒေါ်ကြီးမှာပြုံးတုံးတုံးရယ်။ဒီကလေး
နဲ့ခင်လာတာသိပ်မကြာသေးပေမဲ့ရိုးသားပြီး
အကျင့်စာရိတ္တကောင်းတာကတော့ငြင်းပယ်နိုင်
စရာမရှိ။"ပြောလေ...ကောင်လေး၊ဘာလိုချင်လို့လဲ၊ဒါမှ
မဟုတ်ဘာစားချင်လဲ..အဒေါ့်ကိုပြော၊အားလုံး
စီစဥ်ပေးမယ်""ဟို...အင်္ကျီလဲချင်လို့၊တစ်စုံလောက်အပိုမရှိ
ဘူးလားဟင်။ဒါကြီးက ကျွန်တော်ဝတ်ထားတာ
ဆယ်ရက်လောက်ရှိပြီ"ရိူ့တို့ရှန်းတန်းပြောလာသောထယ်ယောင်းကြောင့်အိမ်အကူကြီးကရီတော့တယ်။ဒီOmega
ပေါက်ကလေးက အဒေါ်ကြီးအမြင်မှာတော့ချစ်
စရာလေး။သူဌေးနဲ့စေ့စပ်ထားတဲ့မင်အွန်းဆယ်က
အိန္ဒြေကြီးကာတည်ငြိမ်သလောက်ဒါလေးက
တော့..အဒေါ်ကြီးမျက်စိထဲငိုလိုက်ရယ်လိုက်နူတ်
ခမ်းလေးဆူလ်ိုက်နဲ့ကိုးချစ်စရာလေးဖြစ်နေတာ။"အင်္ကျီလဲချင်တာမလား.. အစကတည်းကပြောရောပေါ့၊ဒေါ်ဒေါ်သွားရှာပေးမယ်"
"ဟုတ်..."
ထယ်ယောင်းရဲ့ဟုတ်ဆိုတဲ့အသံလေးကတိုးတိုးလေးရယ်။အင်္ကျီအဝတ်အစားကအစသူများတွေ
အပေါ်မှီခိုရတာရှက်ဖို့ကောင်းတယ်မလား။နည်းနည်းအားပြန်ပြည့်ပြီးPheromonesပမာဏကို
ထိန်းချုပ်နိုင်ခဲ့ရင်ဒီကနေထွက်သွားလို့ရပြီ။
ပြီးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ
အေးအေးချမ်းချမ်းလေးဘဝကိုရပ်တည်တော့မယ်။သူကိုဘယ်သူမှမလိုချင်သလိုသူကလည်းဘယ်သူ
ကိုမှဘဝထဲဝင်မလာအောင်တံခါးပိတ်တားဆီးပစ်
တော့မှာ။သံယောဇဥ်ကတွယ်သွားရင်နာကျင်စရာ
တွေချည်းပဲ။