ဂျောင်ကုစိတ်ဆိုမာန်ဆိုးသာထွက်ခဲ့ရတယ်။စိတ်
ကကြည်သည်မဟုတ်။ဘယ်နှယ့်ချွတ်ဆိုတာနဲ့
အိုက်တင်တောင်မခံဇွီကနဲဆွဲချွတ်လိုက်တာများ။
ဟိုဆရာဝန်စုတ်ကလည်းဒဏ်ရာကြည့်ချင်တာက
နည်းနည်း၊ကိုင်ကြည့်ထိကြည့်အသားယူချင်တာက
များများ။အလကားတောင်ဆေးကုပေးမယ်ဆိုတဲ့
မေတ္တာရှင်စေတနာရှင်လေးရှိနေမှတော့..ဒီကောင်
ကိုလည်းလိုမယ်မထင်တော့။ကားပေါ်ရောက်သည်နှင့်လက်ထောက်ဝူအားPh
တစ်ချက်လှမ်းတောက်လိုက်သည်။ဘောင်းဘီတို
ဝယ်ပေးတဲ့ကိစ္စလည်းအဲ့မေဘေးနဲ့မရှင်းရသေး။
ကြည့်ကောင်းတာဝယ်လိုက်ဆိုတဲ့ဟာကိုကြည့်မကောင်းတာဟာတွေပါရောပြီးဝယ်ပေးလိုက်တာ
ဒင်း။တူကနဲအသံနဲ့အတူတစ်ဖက်ကလူကဖုန်းကိုင်လာ
သည်။"မင်းအခုဘယ်မှာလဲ"
"SEA side views မှာပါဥက္ကဌ..."
"အလုပ်တွေအကုန်ပြစ်ပြီးပြန်လည်ကုသရေးစင်တာကိုလာခဲ့..ကင်မ်ထယ်ယောင်းကို လာကြို"
"ဟုတ်ကဲ့.."
"ဟုတ်ကဲ့လုပ်မနေနဲ့၊ဆယ့်ငါးမိနစ်အတွင်းအရောက်လာ၊ဘောင်းဘီတိုပါဝယ်ထည့်ပေးလိုက်
တာမင်းမလား၊ဒီလဘောနပ်စ်ရဖို့မစဥ်းစားနဲ့တော့"ပြောချင်တာပြောပြီး Phကိုတီကနဲချပစ်လိုက်
တဲ့သူဌေး။လက်ထောက်ခများဘာအကြောင်းပြ
ချက်မှကောင်းကောင်းမပေးလိုက်ရသည်မို့ငိုချင်
သွားသည်။ဒီပုံနဲ့ဆိုဒီလ KTVသွားဖြုန်းလို့ရတော့
မည်မဟုတ်။သူပဲအဲ့နေ့တုန်းက.. Omegaတွေဝတ်တတ်စားတတ်တဲ့ကြည့်ကောင်းတာလေးတွေဝယ်ဆို။ဆယ့်ငါးမိနစ်အတွင်းကုသရေးစင်တာအရောက်
သွားရမည်မို့ငိုချင်တာတောင်အောင့်အီးလိုက်ရတော့တယ်။ဒီအချိန်ငိုရမဲ့အချိန်မဟုတ်ဘူးကွ..
ကားမောင်းရမဲ့အချိန်ဆိုပြီးတွန်အားပေးကာမောင်းထွက်လာသောကားလေး၏အရှိန်ကမသေးလှ။ကုသရေးစင်တာနဲ့ဒီကသိပ်မဝေးလှသော်လည်း သူဌေးလုပ်သူဒေါသကိုကြောက်ရသည်မို့မလစ်ဟင်းရဲ။ မီးနီတွေ၊ယာဥ်ထိန်းရဲတွေလည်းသိပ်ဂရုစိုက်။ဒီမြို့တော်မှာဂျွန်ဂျောင်ကု လို့ပြောလိုက်ရင်အားလုံးမီးသေ....