ch - 1 (uni)

78 3 0
                                    

မင်္ဂလာသီချင်းသံ​တွေနဲ့ ဆူညံနေတဲ့ အိမ်ကလေး ။ လူတွေနဲ့ ပြည့်လို့ ဘာလုပ်နေကြတာပါလိမ့် ။ ကြည့်ရတာ တယောက်ယောက်ရဲ့ မင်္ဂလာပွဲဆောင်တာ ထင်တယ် ။ ပန်းတွေနဲ့ တစ်အိမ်လုံး အလှဆင်ထားပြီး ဧည့်ခန်းပေါ်က စားပွဲပေါ်မှာ လက်ထပ်စာချုပ် နဲ့အတူ လက်စွပ်လေး နှစ်ကွင်းက လှပစွာ တည်ရှိနေလေရဲ့ ။ တချို့ လူတွေက ပြုံးပျော်နေပေမဲ့ တချို့လူတွေက ကဲ့ရဲ့တဲ့ အကြည့်တွေနဲ့ ။ ဘာလို့လဲ သူများ မင်္ဂလာပွဲမှာ အတင်းပြောနေကြတာလဲ... သတို့သားနဲ့ သတို့သမီးကော ဘယ်မှာလဲ..... ဧည့်ပရိတ်သတ်တွေ စောင့်နေပြ်ိလေ....

   ခဏကြာတော့ သတို့သားနဲ့ သတို့သမီးက လှေကားကနေ တစ်ဆင့်ချင်း ဆင်းလာတာကို မြင်နေရတယ် ။ အား...လူတွေကလည်း တွန်းလိုက်တာ.. သတို့သားနဲ့ သတို့သမီး မျက်နှာကို မြင်ချင်ပါတယ်ဆို ဒီလူတွေကတော့.... လူတွေတွန်းလွန်းလို့ ကိုယ်က တံခါးနားမှာ ရပ်နေရပြီ ။ တံခါးနားက ခိုးကြည့်မိနေသည် ။ နေရာ မှာ ထိုင်နေပြီဖြစ်တဲ့ ဖြစ်တဲ့ သတို့သားလေးကို ကြည့်မိတော့..ဟင် သူ့ကို သိသလိုပဲ ဘယ်သူလဲ...
ဟင် ဖေဖေပဲ ။ ဖေဖေက မေမေနဲ့ ပြန် လက်ထပ်နေတာလား ။ ငယ်ငယ်က မေမေတို့ မင်္ဂလာဆောင်တုန်းက သားကို မဖိတ်လို့ ဆိုပြီး စိတ်ကောက်ခဲ့တာ... အခုတော့ ဖိတ်တာပေါ့...
ဘေးက သတို့သမီး ကို ကြည့်မိတော့... ဟင် မေမေလဲ မဟုတ်ဘူး။ ဘယ်သူကြီးလဲ ဘယ်ကမိန်းမကြီးလဲ ဖေဖေနဲ့ မင်္ဂလာဆောင်နေတာ.... မေမေကော မေမေက ဘယ်ရောက်သွားတာလဲဟင် ။ မရဘူး ဖေဖေ တယောက် မိန်းမကို ယူလို့မရဘူး ။ ဖေဖေဆီ သွားချင်ပေမဲ့ ခြေလှမ်းတွေက မရွေ့ ။ အော်ခေါ်တော့လည်း ဖေဖေက မကြားဘူး ။ အဲ့ဒီ မိန်းမ ဘေးမှာ ရပ်နေတဲ့ ကောင်လေး တယောက်ကို တွေ့မိတယ် ။ ကိုယ့်ထက် သုံး လေး နှစ် ကြီးမဲ့ ပုံပဲ ။ သူက ကိုယ့်ကို မြင်သွားပုံရတယ် ။ ကိုယ့်ဆီကို တစ်လှမ်းချင်း လှမ်းလာရင်း
နား နားကို ကပ်ပြီး တီးတိုးလေး ဆိုလာတယ် ။

' အဲ့ဒါ မင်းအဖေ မဟုတ်တော့ဘူး ငါ့အဖေ ဖြစ်သွားပြီ
မင်း မပိုင်တော့ဘူး မင်းအဖေကို ငါပိုင်သွားပြီ ဘေးနားမှာ ရှိနေတာက ငါ့အမေ ဒီတော့ မင်းထွက်သွားလို့ရပြီ မင်းတို့ သားအမိ ထွက်သွားလိုက်တော့ '

Nay Yaung ( ongoing) Where stories live. Discover now