ဝိုင်(၅)

44.6K 2.5K 21
                                    

Unicode

"အယ် သခင်လေး ဘာကိစ္စရှိလို့လဲ သခင်မကြီးသိရင်ဆူခံနေရဦးမယ်"

"ဟီးးးးဘာမှမဟုတ်ပါဘူး တီနွယ် မောင့်ကိုလာတွေ့တာပါ"

"ရှိတယ်ရှိတယ်သခင်လေး ခဏနော် ကျွန်မခေါ်လိုက်မယ် သားရေ သား သခင်လေး ကသားကိုတွေ့ချင်လို့တဲ့ သားရေ"

"ရတယ် တီနွယ် ကျွန်တော်သွားခေါ်လိုက်မယ် "

"သခင်လေးရယ် မသင့်တော်ပါဘူး သခင်လေးလိုလူက ကျွန်မတို့လိုနေတဲ့အခန်းထဲဝင်ဖို့မသင့်တော်ပါဘူး"

"ရတယ် မေမေ မသိရင်ဘာမှမဖြစ်ဘူး ဟီး..ကျွန်တော်ဝင်ပြီနော် မောင်ရေ..."

"ဪ သခင်လေးရယ် ခက်ပါပြီ"

သူဆိုသည်မှာအဲ့လို မောင်နဲ့ပတ်သက်ရင် ဂုဏ်အဆင့်အတန်းတွေလည်း သူထည့်မတွက်မိ။ မောင့်ကိုတွေ့ဖို့သာစိတ်လောနေမိသည်။ဒီနေ့တစ်နေကုန် မတွေ့ရသေးဘူးလေ။သူလွမ်းလှပြီ။

မောင့်ရဲ့ကျဥ်းလွန်းတဲ့အခန်းလေးထဲကို ဝင်လိုက်တော့ ဟော...တွေ့ပါပြီ..ကုလားထိုင်ပေါ်မှာထိုင်ရက်လေးဇက်စောင်းအိပ်နေတဲ့မောင်။
အင်...ဇက်တွေနာကုန်တော့မှာဘဲကွာ

မောင့်ကိုကုတင်ပေါ်ချရန် သယ်ဖို့ကြိုးစားလိုက်ရသေးသည်။သူကသာ အရပ်ကသိပ်မထွက်တာ။၁၅နှစ်အရွယ်မောင်ကသူ့ထက် အသက်၁နှစ်သာငယ်ပေမဲ့ လူကောင်ထွားတဲ့ထဲပါသည်။ လူပျိုပေါက်အရွယ်ရောက်လာတော့ လူချောလေးပင်ဖြစ်နေသည်။ မရှိတဲ့အားကို ဖျစ်ညှစ်ကာနောက်ဆုံးတွင် မောင့်ကိုကုတင်ပေါ်တင်နိုင်ခဲ့၏။
နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်အချို့ကို အိပ်နေသောသူမနိုးအောင် ငြင်သာစွာဖယ်ရှားလိုက်ရင်း မျက်နှာချောချောကို တစ်စိမ့်စိမ့်ငေးကြည့်မိသည်။
သူမောင့်ကိုတွေ့ချင်လို့ လာသော်လည်း မောင်အိပ်နေလို့ ပြန်ဖို့တောင်မစဥ်းစားမိ။ သည်အခြေနေကသူ့အတွက်ပိုလို့တောင်ကောင်းတယ်လေ။ မျက်နှာချောချောပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီကို နဲ့ အငြင်သာဆုံး ထိတွေ့လိုက်တယ်။ ဆင်းနေတဲ့မျက်တောင်၊ ဖြောင့်ဆင်းနေတဲ့နှာတံ ၊ ညိုတဲ့ဘက်အနည်းငယ်ရောက်ချင်တဲ့အသားအရေ ၊မထူမပါးနှုတ်ခမ်းလေးတွေဟာ ဆယ်ကျော်သက်ကောင်လေး ကျွန်တော့်အတွက်တော့ရင်ခုန်စရာအတိ။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Dove le storie prendono vita. Scoprilo ora