အခန်း (၂၄)

2.1K 91 6
                                    

Uni

အခန်း (၂၄)

"မမကြည်...ဒီမှာ ရှိုးရွန်းပေါ်တင်ထားတဲ့ ပစ္စည်းစာရင်းတွေ..."

"ဟုတ်ပြီ ပအို့ "

မမကြည်က ကွန်ပျူတာပေါ်က လက်ပြေးလွှားနေရင်း ပြောသည်။

"အား...ညောင်းလိုက်တာ..."

မမကြည်က စားပွဲပေါ်က ဖိုင်တွဲယူလိုက်သည်။

"ပအို့ တင်ထားတဲ့ဗီဒီယို ကြည့်လိုက်ရတယ်... တဖြည်းဖြည်း ပရိတ်သတ်များများလာပြီနော်"

"ဟီး... ကိုယ်မလှပေမယ့် သူများတွေလှစေချင်လွန်းလို့လေ... လုပ်တတ်သလောက်လေး vedio edit ပြီး တင်နေတာ...အခုတော့ တော်တော်လေး ကျွမ်းလာပြီ"

"ပအို့က မလှဘူးဘယ်သူပြောလဲ... ဒီလောက်ချစ်စရာကောင်းတာ... ပါးဖောင်းဖောင်းလေးနဲ့ ရီလိုက်ရင် မျက်လုံးလေးကပျောက် ပျောက်သွားတယ် ... မျက်နှာလေးကလည်း ကြည်လင်နေတာကို"

"မမကြည်က ကိုယ့် ညီမကိုယ်မြှောက်နေပြန်ပြီ.."

"တကယ်ပြောတာ ပအို့ရဲ့... ပအို့ကချစ်စရာလဲကောင်းသလို ပအို့ Sharing လုပ်ပေးတဲ့ အလှအပဗဟုသုတတွေက မိန်းကလေးတွေ သိထားသင့်တယ်လေ..ပြီးတော့ တံဆိပ်ညွှန်းရင်လဲ ကိုယ်တိုင် sample တွေသုံးပြတော့ ယုံကြည်တာပေါ့"

" မမကြည်လည်း ပအို့ကိုကြည့်နေကျပဲဟာ... အဲ့တော့ sample (ဥပမာအထုပ်)  လေးတွေ ဝေမျှပါ..."

အို့လေး လက်လေးနှစ်ဖက်ဖြန့်ကာ မမကြည်ကိုစ,သည်။

"ယူပါရှင်...ရှင့်အတွက်ပါပဲ... blogger မလေးရဲ့... ပအို့ကြောင့်အရောင်းတွေလည်းတက်လာတာ ဒီလောက်တော့ လုပ်ပေးရမှာပေါ့"

"ယေး ဒါမှတို့မမကြည်"

မမကြည်ကို ဖက်လိုက်ပြီး ဥပမာအထုပ်လေးတွေယူရန်... ဂိုထောင်သို့သွားလိုက်သည်။ အလုပ်ဝင်ပြီး တစ်နှစ်အကြာ အလှကုန်ပစ္စည်းတွေနဲ့ ရင်းနှီးတဲ့လာအချိန် facebook page ကနေ ပစ္စည်းတွေ တင်ပေးဖြစ်သည်။ တချို့ဝယ်ချင်သူ ကတ်စတန်မာတွေက ပစ္စည်းအရည်အသွေးသိချင်ကြောင်း...၊ တည့်မတည့်မသိတာကြောင့် ဝယ်မရဲကြောင်း ကွန်မန့်တွေမှာ တွေ့လာတော့ အို့လေးက ကိုယ်တိုင် page ထောင်ကာ အလှအပဆိုင်ရာ လေ့လာပြီး ပြန်မျှဝေပေးဖြစ်သည်။အစပိုင်းက သိပ်မသိကြပေမယ့် နောက်ပိုင်းကျ ဝင်ရောက်ကြည့်ရှူသူက တဖြည်းဖြည်းများလာသည်။ ဆိုင်ရောင်းအားလည်းတက်လာတာကြောင့် အို့လေးက ဆိုင်က အစမ်းသုံးအထုပ်ငယ်တွေ လိုသလောက်ရသည်လေ။

Can't Stop Loving You! Where stories live. Discover now