အခန်း (၃၆)

1.7K 99 2
                                    

Uni

အခန်း (၃၆)

ရေခဲသေတ္တာထဲကရေဘူးကို ထုတ်ကာ မော့သောက်ရင်း အေပရွန်အဖြူရောင်ဝတ်ကာ ညစာချက်နေတဲ့ အို့လေးကို ကြည့်လိုက်သည်။ ဘာအရွက်တွေနဲ့ ဟင်းရည်ချက်နေလဲမသိပေမယ့် မွှေကာ မြည်းစမ်းနေသည်။ ဆံပင်ကောက်ကောက်ပွပွလေးတွေကို လျော့တိလျော့ရဲ စည်းကာ ဆံပင်မွှေးနုတွေက ဟိုထွက်ဒီထွက်ကပိုကပို ဖြစ်နေသည်။

ခုတလော ဝက်ကလေး သူ့ကိုရှောင်နေသလို ခံစားမိသည်။ အရင်လို သူဧည့်ခန်းထဲရှိနေရင် သူမကအခန်းထဲဝင်သွားသည်။ မနက်ဆိုလည်း မနက်စာအရင်လို စားပြီး အလုပ်သွားသည်။ သူ့ကိုတွေ့တာနဲ့ ရှောင်ပြေးသည်။

အို့လေး မုန်ညှင်းဟင်းချိုထဲ ဟင်းခတ်မှုန့်ထည့်ကာ ဆူလာတော့ မြည်းကြည့်လိုက်သည်။ နှစ်ယောက်ထဲ စားတာကြောင့်မနည်းမများချက်ထားကာ နှစ်ယောက်လုံးအတွက် အလုံအလောက်။ ပြီးရင် ကြော်ထားပြီးသား ငါးကြော်နဲ့ စားမည်။

တစ်ခါမြည်းပြီး ဇွန်းထည့်မွှေနေချိန်

"ငါလည်း မြည်းကြည့်မယ်"

အို့လေး...နှလုံးတစ်ချက်ရပ်သွားသည်။ ဟင်းချိုအိုးနဲ့ အို့လေးပေါ် အရိပ်ကျလာသလို အသက်ရှူသံနဲ့ စကားသံက အို့လေးရဲ့နားဘေးကနေ ဖြတ်သွားတော့ လူက ဖျင်းခနဲ။ ကိုင်ထားတဲ့ဇွန်းကို တင်းတင်းဆုပ်လိုက်မိသည်။

-ဘာလုပ်တာလဲ...ဒီလောက်နီးနီးလေး-

အို့လေး ငြိမ်ကာ ဘာမှမပြောတော့ ခွန်ယံအို့လေးလက်ကို အပေါ်ကကိုင်ကာ ဟင်းရည်နည်းနည်းခပ်ပြီး ငုံ့သောက်လိုက်သည်။ အို့လေးအသက်ရှူအောင့်ထားမိသည်။ သူ့လက်တစ်ဖက်က သူမဘေးတစ်ဖက်ကိုထောက်ကာ တစ်ဖက်က အို့လေးကို ဖက်ထားသလိုသလို ဖြစ်ပြီးကုန်းထားတဲ့ သူ့ရင်ခွင်ထဲ လုံးလုံးရောက်နေတော့သည်။

အို့လေး ပခုံးကိုကျုံ့လိုက်ကာ သူနဲ့ မထိမိအောင် ကိုယ့်ကိုကိုယ်သေးလိုက်မိသည်။

"ဘာဟင်းချိုလဲ"

"မုန်..မုန်ညှင်း"

"အင်း...ချိုသားပဲ... မွှေးလည်းမွှေးတယ်"

Can't Stop Loving You! Donde viven las historias. Descúbrelo ahora