အခန်း (၁၇)

1.9K 81 0
                                    

Uni

အခန်း (၁၇)

ဆောင်းလေတဖြူးဖြူးက သံလွင်မြစ်ကိုဖြတ်တိုက်သွားသည်။ ရွှေညိုရောင် ဝင်ခါနီးနေက အစွမ်းကုန်တောက်ပလျက် ဖြာကျနေပြန်သည်။

မြစ်ကမ်းနားမှာစောင့်နေရင်း မြစ်ထဲကို ခဲလုံးသေးသေးလေးတွေပစ်ထည့်လိုက်သည်။ လက်တစ်ဖက်က ကတော့ပုံရေခဲမုန့်နှစ်ခွက်ကိုင်ထားရင်း အို့လေး ခွန်ယံကိုစောင့်နေလိုက်သည်။ အို့လေးပဲ ကြိုလာမိလို့လားမသိ။ ရေခဲမုန့်လေးက အရည်ပျော်ခါနီးနေပြီ။

မနေ့က စျေးထဲ ခွန်ယံအဖေ၏ သတင်းတွေကြားလိုက်ရသည်။ နယ်စပ်မြို့၏အာဏာအရှိဆုံး.အချမ်းသာဆုံးသူဌေးကြီး ဦးမြတ်ယံ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြည်တွင်းကိုပို့ဆောင်သော ကုန်ကားထဲ အဖြူမှုန့်တွေ ပါဝင်နေတယ်လို့ ကြားလိုက်ရသည်။
ကြားကြားချင်း အို့လေး ခွန်ယံကို စိတ်ပူစိတ်ကတားမရ။ သူဌေးကြီးဦးမြတ်ယံကို မသိ၊မခင်ပေမယ့် ခွန်ယံဖခင်မှန်းတော့သိထားသည်။ ဖုန်းချက်ချင်းဆက်ကာ အဆင်ပြေမလား သိချင်သည်။

ချိန်းထားတဲ့နေရာရောက်တော့ ဝယ်ထားတဲ့ ရေခဲမုန့်လေးတောင် တူတူစားဖို့ထားထားတာ အရည်တောင်ပျော်တော့မည်။

ခွန်ယံ ဆိုင်ကယ်ကို အို့လေးရဲ့စက်ဘီးနဲ့ကပ်လျက် ရပ်ကာ ဆင်းလာသည်။ အို့လေးလည်း စက်သံကြားကာ လှည့်ကြည့်တော့ အရပ်မြင့်မြင့်ကထင်းထွက်နေကာ ပိန်သွယ်သွယ်နှင့် အရင်လို ကြည့်ကောင်းနေဆဲပင်။ ကုတ်အကျီ အိတ်နှစ်ဖက်ထဲ လက်ထည့်ကာ လျှောက်လာရင်း သူ့သွားစွယ်တွေပေါ်အောင်ပြုံးရင်း

"စောင့်နေတာကြာပြီလား...ဝက်ကလေး"

"ဟင့်အင်း သိပ်မကြာသေးပါဘူး ရေခဲမုန့်တော့ အရည်ပျော်နေပြီ"

ကိုင်ထားတဲ့ရေခဲမုန့်ကိုပေးရင်း ခွန်ယံမျက်နှာကို အနီးကပ်တွေ့တော့ မျက်ကွင်းတွေညိုနေတာကို တွေ့လိုက်ရသည်။

"နင်အဆင်ပြေရဲ့လား" စိုးရိမ်စွာမေးလိုက်သည်။

သူကပျော်နေပြီဖြစ်သည့်ရေခဲမုန့်ကို တစ်ကိုက်ကာ တိတ်ဆိတ်နေသည်။ ပြီးမှ

Can't Stop Loving You! Tahanan ng mga kuwento. Tumuklas ngayon