(part-6)

3K 174 5
                                    

Unicode📌

နေ့ရက်တွေကို ပျော်ရွှင်စွာ
ဖြတ်သန်းနေတဲ့ ထယ်ယောင်းရယ်။

တစ်ပါတ်မှာ 5ရက်က အလုပ်လုပ်...
2ရက်ကနား နဲ့ အရာရာအဆင်ပြေသည်လေ။

လစာက သူ့အတွက်တော့ များသည်။
တစ်ဝက်စုပြီ တစ်ဝက် သုံးစရိတ်ဖိုးခွဲလည်း
ပိုက်ဆံက ပိုတုန်းပင်။

ဒီနေ့က နားရက်...။

နားရက်မို့ ထွေထွေထူးထူး လုပ်စရာမရှိ။
တိုက်ခန်းက ရှုပ်နေတဲ့ နေရာလေးကို
ရှင်းလိုက်....မလျော်ရသေးတဲ့ အဝတ်လေးတွေ
လျော်ဖွတ်လိုက်နဲ့....အချိန်တွေက ကုန်မှန်းမသိ
ကုန်လာခဲ့သည်။

"ဟင်...နေ့လည်စောင်းနေပြီဘဲ
ပိုက်ဆံ ကပိုသေးတယ်ဆိုတော့ ဆိုဂျူ
ဝယ်သောက်ရင် ကောင်းမလား"

အတွေးနဲ့ အညီ ပိုက်ဆံအိတ်လေးထဲက
ဝမ်တစ်သောင်းတန် တစ်ရွက်ထုတ်လိုက်၍
အိမ်တံခါးများ သော့ခတ်ကာ အပြင်ထွက်လာခဲ့တော့သည်။

"အာဂျူးမား ဆိုဂျူ တစ်ပုလင်းပေးပါ"

အကင်ဗန်းထဲက ဝင်းဝါနေတဲ့ ကြက်ပေါင်လေးကို
မြင်တော့ စားချင်တဲ့ စိတ်က ထိန်းမရ။

" ဟို..... ကြက်ပေါင် တစ်ပေါင်ထည့်ပေးပါနော်...အာဂျူးမား"

....................

ဆိုဂျူတစ်ပုလင်းရယ်...ပါးဆယ်ထုပ်ထားတဲ့
ကြက်ကင်ထုပ်လေးရယ်ကို လဲဲပီး
သီချင်းတညီးညီးနဲ့ ပြန်လာတဲ့ ထယ်ယောင်းရယ်။

*ဘုတ်*

"အ့"

ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်က
သူ့ကိုယ်လုံးကြီးနဲ့ လာဝင်တိုက်တာ
ဖင်ထိုင်ရက်တောင် ပြုတ်ကျသွားရသည်။

"ဒီမှာ ခင်ဗျ...လမ်းကိုကြည့်သွားပါ
အာဂျူးရှီး တစ်ယောက်တည်းရှိတာမဟုတ်ဘူးဗျ"

အရက်မူးပြီး လမ်းသလားနေတဲ့ လူတွေဆို
ထယ်ယောင်းလေးက အထင်သေးတက်ပါသည်။

*)ဖြန်း(*

တိုက်ချပြီးတော့ ပြန်မတောင်းပန်တဲ့ ထိုလူရယ်ကြောင့် မခံတဲ့ စိတ်လေးနဲ့
ပြန်ပြောမိပေမယ့် ပါးသာအရိုက်ခံရပါသည်။

Pain is He (completed)Where stories live. Discover now