Part10

17.6K 1.3K 228
                                    

Unicode

အချိန်အားမြင့်၃ရက်ကြာမြင့်သွားလေပြီ။သို့ပေမယ့် ဦးမင်းသစ္စာ အတွက်တော့၃ရက်သည်၃လနီးပါးကြာနေသယောင်ခံစားခဲ့ရ၏။မသိစိတ်မှဖိုးသောကြာအားလွမ်းဆွေးသတိရနေတာကြောင့်ဖြစ်သည်။

ဤ၃ရက်အတွင်းထမင်းလည်းစားမဝင်၊အိပ်လို့လည်းမပျော်နှင့်လူမမာရုပ်ကြီးပေါက်နေပြီလားမသိတော့။အခုလည်းမနက်အစောပြန်ရောက်မည်ဟုပြောပြီးပေါ်မလာသေးသည့်ကောင်ငယ်လေးကြောင့်သူ့မှာရင်တပူပူနှင့်မျှော်နေရပြန်သည်။

"သခင်ကြီး.....သခင်ကြီးရေ ကျုပ်ပြန်လာပြီဗျို့....."

ဖိုးသောကြာတစ်ယောက်ငှက်ပျော်ခိုင်ကြီးပခုံးပေါ်ထမ်းကာခြံဝန်းထဲအပြေးအလွှားရောက်ချလာသည်။သူလည်းပဲသခင်ကြီးကိုလွမ်းနေခဲ့တာပင်။

တကြော်ကြော်ခေါ်သံလေးကြားသည်နှင့်အလွန်အမင်းဝမ်းသာသွားသူကတော့လူရိုးကြီးဦးမင်းသစ္စာပါပဲ။

ဘန်ဂလိုထဲတွင်ထိုင်နေရာမှချက်ခြင်းဆိုသလိုမတ်တပ်ထရပ်ပြီးအသံကြားရာဆီသွားမည်အလုပ်မမြင်မစမ်းနှင့်ခလုတ်တိုက်လှဲတော့သည်။

"အား.....ကျစ်ကျစ်...."

ဦးမင်းသစ္စာချော်လဲသည်ကိုမြင်သည်နှင့်လက်ထဲကအထုပ်တွေကိုပစ်ချကာဖိုးသောကြာခမျာစိုးရိမ်တကြီးပြေးလာလေသည်။

"သခင်ကြီး......အဆင်ပြေရဲ့လားခင်ဗျ...."

"ဟင့်အင်း.....ကိုယ်ခြေထောက်နာသွားပြီ......"

ဘာမှမထိခိုက်မိပါဘဲနာကျင်နေသယောင်ဟန်ဆောင်နေမိ၏။ကောင်ငယ်လေးကြောင့်သူလည်းမူယာမာယာများတတ်လာပြီလေ။

"ဖြစ်ရလေသခင်ကြီးရယ်။ကျုပ်တွဲခေါ်ပေးပါ့မယ်။ကျုပ်ပခုံးကိုဖက်ထားနော်...."

ဖိုးသောကြာကသူ့လက်တစ်ဘက်ကိုမြှောက်ကိုင်ကာပခုံးသေးသေးလေးပေါ်တင်ပေး၍ဖက်တွယ်ထားစေသည်။ဖိုသောကြာအားသူမလွှတ်တမ်းဖက်ထားကာမသိမသာခိုးပြုံးမိ၏။

"ဒီမှာငြိမ်ငြိမ်လေးထိုင်နေနော်။သခင်ကြီးခြေထောက်ကဒဏ်ရာကိုဆေးလိမ်းပေးဖို့ဆေးသေတ္တာသွားယူလိုက်အုံးမယ်ဗျ....."

Love story from a Mansion(Completed) Where stories live. Discover now