Part14

15.2K 1.2K 209
                                    

Unicode

အချိန်အားဖြင့်၁လတိတိကြာမြင့်ပြီးနောက်

သခင်ကြီး၏ကူညီဖေးမမူကြောင့်အမေ့နောက်ဆုံးခရီးအားကောင်းစွာပို့ပေးနိုင်ခဲ့သည်။

အမေ့အားရည်စူး၍သိမ်ကျောင်းဆောက်လုပ်ရာတွင်လှူဒါန်ပေးခဲ့သည့်အပြင်ရွာရှိအပြီးမသတ်နိုင်သေးသည့်သောက်သုံးရေအဝိစိတွင်းအားမေမေ့နာမည်ဖြင့်လှူဒါန်းပေးခဲ့တာကြောင့်ရွာသူ၊ရွာသားများပင်သခင်ကြီး၏မွန်မြတ်လှသည့်စိတ်ရင်းစေတနာကိုလေးစားကြည်ညိုနေကြသည်။

မျက်လုံးခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ခြင်းကြောင့်သခင်ကြီး၏မိသားစုအသိုင်းအဝိုင်းများသည်လည်းအထူးဝမ်းမြောက်ပျော်ရွှင်နေကြသည်။

သခင်ကြီးသည်မိခင်ဖြစ်သူကိုပေးထားသည့်ကတိအတိုင်းမျက်လုံးမခွဲစိတ်ခင်ကတည်းကပင်မန္တလေးမြို့ရှိသစ္စာမြိုင်စံအိမ်တော်တွင်ပြန်လည်နေထိုင်ဖို့စီစဥ်ခဲ့၏။

သောကြာအပါအဝင်ဦးရီးဘဆွေနှင့်ကြီးမေပါသခင်ကြီးနှင့်အတူမန္တလေးမြို့ရှိစံအိမ်တော်သို့ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

မန္တလေးမြို့ရှိစံအိမ်တော်ကြီးသည်ပြင်ဦးလွင်မြို့ရှိစံအိမ်တော်ထက်ပို၍ခမ်းနားထည်ဝါသည်။၃ထပ်တိုက်မြင့်ကြီးဖြစ်သလိုအလုပ်သမားတန်းယားလည်းရှိသည်။

ထို့ပြင်အိမ်ကြီးရှင်သခင်များပီပီအင်မတန်မှနန်းဆန်ဆန်ပြုမူနေထိုင်ကြပြီးအဆင့်အတန်းလည်းခွဲခြားလွန်းလှသည်။အလုပ်သမားများစွာဟာနေစဥ့်နှင့်အမျှတာဝန်ကိုယ်စီအားကျေပွန်အောင်ထမ်းဆောင်ကြရသည်။

စံအိမ်မှအလုပ်သမားတစ်နည်းအားဖြင့် ကျွန်ယုံဟုသခင်မကြီးကသုံးနှုန်းကာဆုပေးဒဏ်ပေးစနစ်ကိုကျင့်သုံးသည်။

တော်ရင်တော်သလိုဆုချလေ့ရှိပြီးအပြစ်ကျူးလွန်မိပါကလည်းကြာပွတ်ဖြင့်ရိုက်၍အပြစ်ပေးတတ်သည်။ထို့ကြောင့်ကျွန်ယုံတိုင်းသခင်မကြီးကိုရိုသေကြောက်ရွံ့ကြ၏။

သခင်ကြီးအိမ်ထောင်ရက်သားကျပြီးကိုယ်ပိုင်မိသားစုဘဝလေးတည်ဆောက်သည့်တစ်နေ့သောကြာကြောင့်ဝန်ထုတ်ဝန်ဘိုးဖြစ်လာမှာကြောက်မိသည်။

Love story from a Mansion(Completed) Where stories live. Discover now