Part11

15.9K 1.2K 200
                                    

Unicode

ဖိုးသောကြာခါတိုင်းနေ့တွေထက်စော၍နှိုးလာခဲ့သည်။သခင်ကြီး၏အိပ်ဆောင်အတွင်းမှာပင်ခုတင်(ကုတင်)အသေးလေးနှင့်အဖော်ပြုရင်းအိပ်ပေးရတာဖြစ်သည်။သခင်ကြီးကတော့ကျွန်းခုတင်မွေ့ရာထက်ဝယ်နှစ်ရှိုက်စွာအိပ်ပျော်နေဆဲ။

သူခိုးခြေလှမ်းဖြင့်သခင်ကြီးအိပ်ဆောင်ထဲမှငြိမ်သက်စွာထွက်ကာကိုယ့်အိပ်ခန်းကိုပြန်လာခဲ့ပါသည်။ထို့နောက်ရေမိုးချိုး၊အဝတ်အစားလဲလိုက်သည်။မန္တလေးရာသီဥတုကပူသည်မို့ပင်နီရောင်ချည်သားရှမ်းဝတ်စုံလေးကိုသာရိုးရိုးရှင်းရှင်းဝတ်ဆင်လိုက်သည်။

သခင်ကြီးနှင့်အတူမန္တလေးမြို့သို့အလည်သွားရမည်ဟုသောအသိလေးကြောင့်ပျော်ရွှင်စိတ်လှုပ်ရှားနေမိ၏။အရန်သင်ပြင်ဆင်ပြီးသည်နှင့်သခင်ကြီးအိပ်ဆောင်သို့ပြန်လာခဲ့သည်။

အိပ်ဆောင်ထဲရောက်သည့်နှင့်သခင်ကြီးကရေမိုးချိုးပြီးရုံမကဦးဘဆွေပါရောက်နေပြီဖြစ်သည်။

"မြေးလေးတောင်ပြင်ဆင်ပြီးပြီပဲ။ပျော်နေတယ်ထင်တယ်။မျက်နာလေးကိုရွှန်မြလို့...."

သောကြာ အပျော်လွန်ပြီးအလွန်အမင်းရွန်ပြုံးနေမိလားမသိ။ဘကြီးအပြောကြောင့်ရှက်သွားကာအယောင်ယောင်အမှားမှားနှင့်ခေါင်းကုတ်နေမိသည်။

"ဖိုးသောကြာရောက်လာပြီဆိုတော့ဦးဘဆွေသွားလို့ရပြီ....."

"ဟုတ်ကဲ့ပါသခင်ကြီး....."

သခင်ကြီးသည်မြန်မာဆန်ကာချောမောခံ့ညားလှသည့်ဥပဓိရုပ်နှင့်လိုက်ဖက်စွာစတစ်ကော်လံအဖြူရောင်သန့်သန့်နှင့်ယောပုဆိုးနီညိုရောင်အားသေသေသပ်သပ်ဝတ်ဆင်ထားသည်။

ကြယ်သီးအားလုံးမတပ်ရသေး၍ဖွံ့ထားသည့်ဖြူဖွေးဖွေးရင်အုပ်အားတစွန်းတစမြင်နေရသေးသည်။ဆီလိမ်းကာပုံသွင်းထားသည့်ဆံပင်ပုံစံကလည်းအရှိန်အဝါတွေကိန်းဝပ်နေသည့်အမျိုးသားတစ်ယောက်အသွင်ကိုဆောင်နေပြန်၏။

"ကိုယ့်ကိုကြယ်သီးလာတပ်ပေး...."

"ဗျာ....ဟုတ်....ဟုတ်ကဲ့....."

အိပ်ဆောင်အတွင်း၌နှစ်ယောက်တည်းကျန်ခဲ့၍လား သောကြာ စိတ်ထဲရှိန်ကြောက်လာပြန်၏။အရပ်မမှီတာကြောင့်ခြေဖျားထောက်ကာကြယ်သီးတပ်ပေးနေရသည်။သခင်ကြီးကလည်းခါးလေးပင်နည်းနည်းမျှမကိုင်းပေး။

Love story from a Mansion(Completed) Where stories live. Discover now