Unicode
အပိုင်း(2)
"မမ...တိုတို ပြန်လာပြီ...တိုတို ပြန်လာပြီ"
အိမ်တံခါးဝမှ ချစ်စရာကောင်းသောအသွင်သဏ္ဍာန်ရှိသည့် ကလေးလေးတစ်ယောက် အပြေးဆင်းလာကာ သူ့အား ဆီးကြိုလေ၏။
ခန္ဓာကိုယ်က ပိန်ပါးသော်လည်း မျက်နှာလေးက နုနယ်ကာ ပါးဖောင်းဖောင်းလေးများနှင့် အရမ်းချစ်စရာကောင်းလွန်းသည်။
သူ၏ ညီငယ်လေးက သူနှင့်တူကာ မျက်နှာအစိတ်အပိုင်းတစ်ခုစီကပင် ချစ်စရာကောင်းလွန်းနေ၏။
အာဟာရသာ မချို့တဲ့လျှင် လုံးလုံးကစ်ကစ်လေးနှင့် ရှူမငြီးဖွယ်ဖြစ်နေမည်မှာ သေချာပေါက်ပင်။
ဆံပင်ကောက်ကောက်လေးများက ဦးခေါင်းထက်ရှုပ်ပွနေကာ ရိုးရှင်းသော တီရှပ်အဖြူနှင့် JJ ဘောင်းဘီအတိုလေးအား ဝတ်ဆင်ထားသည်။
ဇယျာန် အငယ်လေးအား ချစ်မြတ်နိုးစွာ ပွေ့ချီလိုက်မိ၏။
"ကိုကို့ကို စောင့်နေတာလား"
"အင်း...သားသား ဗိုက်ချာနေရာ"
"သားအတွက် ပေါက်စီပါတယ်"
အငယ်လေး၏ ပါးဖောင်းဖောင်းလေးအား ဇယျာန်နမ်းရှိုက်လိုက်ပြီးနောက် ဖယောင်းတိုင်ထွန်းထားသော ထရံကပ်အိမ်လေးထဲသို့ ဝင်လာခဲ့သည်။
အိမ်ထဲရောက်သည်နှင့် အိပ်ပျော်နေသော မေမေ့အပြင် စာလေ့လာနေသော ညီမလေးကိုပါ တွေ့လိုက်ရ၏။
မေမေ မနိုးစေရန် ညီမလေးအား အသံတိုးကာ ဆိုလိုက်သည်။
"ညီမလေး ဘာစားထားလဲ"
"မေမေ့အတွက် နို့ဆန်ပြုတ်လေး တိုက်ထားတယ်...အငယ်လေးနဲ့ ညီမလေးက ဘာမှမစားရသေးဘူး...အိမ်မှာ ဆန်လည်းမရှိတော့ဘူး ကိုကို...ကိုကို ပြန်အလာစောင့်နေတာ"
ညီမလေးက စာကျက်နေရာမှ ထကာ ရေတစ်ခွက်ယူ၍ အမောပြေ သူ သောက်ရန် ကမ်းပေးလာ၏။
ရေခွက်အားလှမ်းယူကာ ဝယ်လာသော ပေါက်စီအား ညီမလေးဆီ ကမ်းပေးလိုက်သည်။
"ညီမလေးနဲ့ ညီလေး စားလိုက်နော်...ကိုကို စားပြီးပြီ...လစာလည်းထုတ်လာတယ်...နက်ဖြန် မေမေ့အတွက် ဓာတ်ကင်ဖို့ ဆေးစရိတ်ရပြီ"
YOU ARE READING
ONE