အပိုင်း(3)

1.9K 189 53
                                    

Unicode

အပိုင်း(3)

တရိပ်ရိပ် မူးနေသော ခေါင်းအား ကြိုးစားထောင်မတ်ကာ ကလျာရှင်း မျက်ဝန်းတို့အား ကြိုးစားဖွင့်ကြည့်လိုက်၏။

ရှင်းသန့်ပြောင်လက်နေသော ဇိမ်ခံကားတစ်ဦးထဲ ရောက်ရှိနေမှန်း သိရှိသည်နှင့် မှေးစင်းနေသော မျက်ဝန်းတို့ အလိုလို ပြူးကျယ်သွားရသည်။

သူ(မ) လူမိုက်တစ်စု၏ အတင်းအကျပ် ဖမ်းဆီးခံရပြီးနောက် ဟိုတယ်ခန်းတစ်ခုထဲ အပို့ခံခဲ့ရ​ကြောင်း မှတ်မိခဲ့၏။

အခန်းထဲသို့ ရုပ်ဆိုးဆိုးလူတစ်ယောက် ဝင်လာပြီးနောက် သူ(မ)အား အနိုင်ကျင့်ရန် ကြိုးပမ်းခဲ့သည်။

သူ(မ)လည်း ခုခံသဖြင့် အခန်းတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် အခန်းတံခါးဖွင့်ကာ အနက်ရောင်အနောက်တိုင်းဝတ်စုံဆင်တူဝတ်ဆင်ထားသူများ ရောက်ရှိလာခဲ့၏။

သူ(မ)အား အနိုင်ကျင့်ရန် ကြိုးစားခဲ့သူအား ရိုက်နှက်ပစ်ပြီးနောက် သူ(မ)နှာခေါင်းအား ပဝါဖြင့် အုပ်ခံခဲ့ရသည်ကိုသာ နောက်ဆုံးအနေဖြင့် မှတ်မိတော့သည်။ ထို့နောက် သူ(မ) သတိလစ် မေ့မျောသွားခဲ့၏။

ခေါင်းအနည်းငယ် ကြည်လာသောကြောင့် ကလျာ မှတ်ဥာဏ်များ ပြန်ဖော်ကာ ထိတ်လန့်တုန်လှုပ်မိသွားသည်။

ယခု အိစက်ညက်ညောလှသော ကားဆိုဖာထက် ရှိနေသော သူ(မ)က ပို၍ အခြေအနေဆိုးတို့နှင့် ကြုံတွေ့ရတော့မည်လား။

သူ(မ) ၏ ညာဘက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာခံစားရသောကြောင့် ကလျာ့အကြည့်တို့ ထိုနေရာသို့ ချက်ချင်းရောက်ရှိသွားကြ၏။

ဝါးးး ချောလိုက်တာ!

သူ(မ)၏ ညာဘက်တွင် အနောက်တိုင်းဝတ်စုံ နက်ပြာရောင်ဝမ်းဆက်အား ဝတ်ဆင်ထားသည့် အဆင်တစ်ယောက်ရှိနေချေသည်။

ကလျာ သူ(မ) အ​ခြေအနေကိုပင် မေ့လျော့သွားချေ၏။

အဆင်ဆိုတာ ရှားပါးလွန်းသည်။ ကံစပ်တုန်းလေး ငေးရပေမည်။

လူဆိုးလား။ လူကောင်းလား။ အဲဒါတွေ ဘေးဖယ်ထားလိုက်တော့။

ဒါက သေချာပေါက် ငါ့ ဖူးစာရှင်ပဲ။

ONEDonde viven las historias. Descúbrelo ahora