မိတ်ဆက်

791 68 10
                                    

"သူငယ်ချင်းတို့ငါမင်းတို့ကိုမေးစရာလေးရှိလို့ပါ။ ငါ့အတွက်အရမ်းရမ်းအရေးကြီးတဲ့ကိစ္စမလို့အကြံလေးပေးကြပါဦး။ ငါဟိုတစ်လောကအသည်းကွဲပြီးအရက်သောက်မိတာ လူတစ်ယောက်နဲ့လုံးထွေးပြီးပျော်ပါးလိုက်မိတယ်။နှစ်ဦးနှစ်ဖက်လုံးအပေးယူမျှပြီးစိတ်ချမ်းသာစရာကောင်းလို့ ငါတို့တစ်ညတာပျော်ရွှင်မှုအနေနဲ့ထားလိုက်ကြတာ။ ဘယ်သူသိမှာလဲ အဲ့လူကငါ့ပါမောက္ခဖြစ်နေတယ်တဲ့လေ။ ဘုရားရေသူကနိုင္ငံခြားကနေငှားထားတဲ့နည်းပြပါမောက္ခအသစ် ဆိုတာငါကဘယ်လိုလုပ်သိနေမှာလဲ။ အခုငါကဘယ်မျက်နှာနဲ့သူသင်တဲ့အခန်းထဲငုတ်တုပ်ထိုင်နေရမှာလဲလို့။ ငါရူးသွားတော့မလိုပဲ!! ငါအကြံဉာဏ်ကိုစောင့်နေပါတယ်နော် မင်းတို့ကိုအားကိုးပါးတယ်။ မဟုတ်ရင်ငါ့ကိုယ်ငါတွင်းတူးပြီးဝင်နေလိုက်မိမယ်ထင်တယ်။"

ဖိုရမ်မှာပို့စ်တင်ပြီးတာနဲ့ အာလူးပူပူတစ်လုံးလို ဖုန်းကိုချောင်ထဲဝှီးခနဲပစ်ပလိုက်တယ်။

တကယ်ကအဲ့ထက်အများကြီးပိုတယ်။ဘယ်လိုတွေပူပြင်းတောက်လောင်နေတဲ့ပုံစံတွေလုပ်ခဲ့မိလဲပြန်စဥ္းစားမိတာနဲ့ ငါ့တစ်ကိုယ်လုံးထူပူလာတာပဲ။ အိုင်း! မရှက်မရှိလိုက်တာ။ဖြစ်ချင်တော့ အရက်မူးနေတုန်းလုပ်ခဲ့တာတွေကိုနောက်ရက်မှာအသေးစိတ်ကိုမှတ်မိနေတက်တာ ပိုဆိုးတာပဲ။

/*/ မင်္ဂလာပါ ထပ်တွေ့ကြပြန်ပါပြီနော်။ စာရေးသူအွန်လိုင်းဖြစ်ပါပြီ။နောက်ထပ်ဖန်တီးမှုအသစ်လေးကိုမြည်းစမ်းကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ ဇာတ်လမ်းအကျဥ္းလေးမိတ်ဆက်ပေးလိုက်ပါတယ်။လောကကြီးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့တက္ကသိုလ်ကျောင်းသားလေးနဲ့ ပြန်လည်မွေးဖွားလာတဲ့ပါမောက္ခတို့ကြားက ချိုချိုချဥ္ချဥ္ အချစ်ဇာတ်လမ်းလေးပါ။မျက်နှာဖြတ်ရိုက်ရမယ့်ဖန်တစ်ရာတေဇာတ်ဖြစ်နေပေ
မယ့်လဲ တစ်မူထူးမယ့်အ​နေထားမျိုးလေးနဲ့ဖန်တီးထားပါတယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းပါးလိုက်ပါတယ်လို့။

မကြာခင်မှာအဆုံးသတ်စရာလေးတွေအပြီးသတ်ပြီးတာနဲ့ Update ပုံမှန်ဖြစ်အောင်ကြိုးစားသွားမှာပါ။ဒါဆိုရင် go go go~

Missing PieWhere stories live. Discover now