ငါရူးချင်ယောင်ဆောင်လို့ရဦးမလား

285 44 8
                                    

ဒီနေ့ရာသီဥတုကလဲသာသာယာယာပဲ။ ရာသီဥတုနဲ့တိုက်ရိုက်အချိုးကျတယ်ပြောရမလား၊ ငါ့စိတ်တွေကြည်နေတယ်လေ။ ခါတိုင်း ပစ်ပေါက်ရုံမကလို့ကားနဲ့တက်ကြိတ်တောင်မကွဲနိုင်တဲ့နှိုးစက်​နဲ့အမြဲပြဿနာဖြစ်နေပေမယ့် ဒီနေ့တော့အဲ့ကောင်မမြည်ခင် ငါကနိုးနေနှင့်ပြီ။

မနက်စာကို ဒိုဒိုကြော်ပေးတဲ့ထမင်းကြော်လေးတောင်စားပြီးဗိုက်ဖြည့်လိုက်နိုင်သလို၊ အတန်းချိန်နောက်ကျမှာဆိုးလို့ အနောက်ကခွေးလိုက်သလိုလဲပြေးမနေရဘူးလေ။ဘယ်လောက်သာယာတဲ့နေ့လေးလဲ။ ဒီလိုသာနေ့တိုင်းဖြစ်နေရင် ငါကျေနပ်လွန်းလို့ရူးသွားမလားပဲ။

လက်တလောမှာဟိုအမှိုက်လိုလူဟောင်းကလဲငါ့ကိုစောင့်ကြည့်မနေတော့ဘူးလေ။အိမ်ပြန်ပြီးသားလိမ္မာပြန်လုပ်နေသလားဘာလဲငါဂရုမစိုက်ပါဘူး။ သူ့ဟာသူဘာကြီးဖြစ်နေဖြစ်နေ ငါနဲ့မဆိုင်ဘူးလေ။ အဓိက ကငါ့နောက်ကိုတကောက်ကောက်လိုက်မနေဖို့ပဲ။

ငါ့စိတ်တွေကြည်နေတာမလို့ ဒီနေ့ကျောင်းကို စက်ဘီးလေးစီးလာလိုက်တယ်။ထူးဆန်းတာတစ်ခုပြောပြမယ်။ ငါကျောင်းဝန်းထဲဝင်လာတော့ တန်ဖိုးမြင့်တဲ့နိုင်ငံခြားဖြစ်ဇိမ်ခံကားတစ်စီးကငါ့ဘေးနားကနေဖြတ်မောင်းသွားတာ ကျောင်းဝန်းတစ်ဝန်းလုံးကအကြည့်တွေအကုန်အဲ့ကားပေါ်ကပ်ပါသွားတာပဲ။ငါလဲဘာထူးလို့လဲ စက်ဘီးလမ်းကြောင်းတောင်လွဲတော့မလို့။

ငါတို့မေဂျာကကျောင်းရဲ့အစွန်ဘက် တိတ်ဆိတ်တဲ့နေရာနားမှာ။screen အကြာကြီးကြည့်ပြီး ကုဒ်တွေခေါင်းထဲအပြွတ်လိုက်ထည့်ရတဲ့ငါတို့အတွက်တော့ ဒီတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်က သုခဘုံပဲ။

ဆရာတွေကပြောတာတော့ အားမငယ်ကြနဲ့ မင်းတို့အခုမှဒုတိယနှစ်ရှိသေးတာ နောက်နှစ်တွေကသင်ခန်းစာတွေကဒီထက်တောင်ခက်ဦးမှာဆိုပြီး ငါတို့ကိုစိတ်ကင်ဆာအမြဲပေးတယ်လေ။ ဒါကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုမြောက်တယ်ဆိုတာ ပြောပြမယ့်သူလဲမရှိကြဘူး။

ထားတော့ ဒီနေ့နည်းပြပါမောက္ခအသစ်ရောက်မှာဆိုတော့ ရှေ့ကဆရာတွေလမ်း
စဥ္အတိုင်း ငါတို့ကိုစိတ်ကင်ဆာမပေးဘဲ အသင်ပြကောင်းရင်ကိုကျေနပ်ပါပြီ။

Missing PieWhere stories live. Discover now