ပိုင်မုန့် အစစ်နဲ့အတု

176 31 4
                                    

ကျေးဇူးပြုပြီးရှိပြီးသားရုပ်ရည်၊ ဂုဏ်ပုဒ်နဲ့လိုက်အောင်လို့ တည်တည်တံ့တံ့လေးပြောပေးလို့မရဘူးလားလို့။

ငါဒီပရော်ဖက်ဆာနဲ့တွေ့တိုင်း ငါကငါမဟုတ်တော့သလိုခံစားရတယ်။

1 အချက် သူကတအားမျက်နှာပြောင်တိုက်လွန်းတယ်။

2 အချက် ရိတိတိပြောတဲ့နေရာမှာသူကဆရာတစ်ဆူပဲ။ ဖလစ်တဲ့စကေးတွေကလဲဘယ်သူမှလိုက်လို့မမှီ။

3 အချက် အကြည့်တွေကသိပ်ကြောက်ဖို့ကောင်းတာ ငါ့ကိုယ်ငါတောင်သူ့ပါးစပ်ထဲရောက်နေပြီလားမှတ်ရတယ်။

4 အချက် သူပေါ်လာပြီဆိုတာနဲ့ငါ့အတွက်တော့ ကောင်းကင်ဘုံကမျက်နှာသာမပေးတဲ့နေ့ပဲ။ တစ်နေ့နေ့တော့ ငါသွေးအန်မိမလားပဲ။

ဒီမကောင်းတဲ့အချက်တွေနဲ့ဆန့်ကျင်တာတွေလဲအများကြီးပဲ။

1 အချက် သူကဂုဏ်သရေရှိလူကြီးလူကောင်း။ ရုပ်ရည်ကလည်းပထမတန်းစားပဲ။

2 အချက် သူ့နောက်ခံက ဝါး ခံထားရပေမယ့် အတော်လေးခိုင်ပြီး ငွေကြေးအဆင့်တန်းကမြင့်မယ့်ပုံပဲ။

3 အချက် သူငါ့ကိုမထိတထိအပြုံးနဲ့စိုက်ကြည့်လိုက်တဲ့အခါမှာ ငါ့နှလုံးသားကလှုပ်ခံထားရတဲ့ဆိုဒါဘူးအဖြစ်ပြောင်းသွားတာပဲ။ ငါ့ကိုယ်ငါ ဒရမ်မာတွေထဲက နုနယ်ပြီးရှက်တက်တဲ့ဇာတ်လိုက်လေးလို့တောင်ထင်မိသွားတယ်။

4 အချက် ဂရုတစိုက်ရှိတာငါ့ကိုအတော်လေးပျော့ခွေသွားစေတယ်။ အပြင်ပန်းဆက်ဆံကြည့်မယ်ဆို ဒါမျိုးကလူတိုင်းရင်မှာစွဲလန်းသွားမယ့်စံပြအမျိုးသားပုံစံပဲ။ ပြီးတော့သူကစကေးအရမ်းကောင်းလွန်းတယ်။ ဘယ်နေရာမှာပဲနေနေ...။

5 အချက် မုန်လာဥစိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်ပဲ။ အဆီအနှစ်တွေအကုန်စုပ်ယူပြီး သူကမုန်လာဥဘယ်လိုပျိုးရမယ်ဆိုတာကအစ ကောင်းကောင်းသိတယ်။ အား!!! ငါတစ်ညတည်းနဲ့စွဲလမ်းသွားတာသာကြည့်တော့။ နောက်ထပ်အခွင့်အရေးများရခဲ့ရင် ငါရူးရူးမိုက်မိုက်နဲ့ထပ်ပြီးလူးလှိမ့်မိဦးမှာပဲ။

ငါ့ဦးနှောက်တွေလေထဲတင်ပျောက်သွားပြီထင်တယ်။

ဘယ်သူကများဒီလိုကောင်းမွန်နေတဲ့အဆီအနှစ်တွေကိုငြင်းဆန်နိုင်ပါ့မလဲ။ ရူးနေလို့ပဲဖြစ်လိမ့်မယ်...နော်။

Missing PieWhere stories live. Discover now