အခန်း(၀၇)

9 1 0
                                    

“အလုပ်ဆိုတာ ဟိုဟာလုပ်လိုက် သည်ဟာလုပ်လိုက် ပြောင်းနေတာ မကောင်းဘူးနော် မင်းသီဟ.. သည်အလုပ်ဆို သည်အလုပ်တစ်ခုတည်းပဲ သန့်လုပ်တာကောင်းတယ်… နောက်ဘယ် အလုပ်မှ မကျွမ်းကျင်ဘဲ ကပြားကြီးဖြစ်နေလိမ့်မယ်….”

“ငါလည်း ဘယ်ပြောင်းချင်ပါ့မလဲ…မယ်လီရယ်၊ တစ်ခုခုကိုဇောက်ချပြီး တိုးတက်အောင်လုပ်ချင်တာပေါ့.. ဒါပေသိ နင်လည်းငါ့အကြောင်းသိသားနဲ့.. ဒါကြောင့် ဟိုအလုပ်ကောင်းနိုး... သည်အလုပ်ကောင်းနိုး ရှာဖွေရွေးချယ်နေတာ”

မယ်လီက ကျွန်တော့်ကိုတွေ့တိုင်း သူငယ်ချင်းကောင်းပီသစွာ ပြောပြတတ်ပါသည်။ ကျွန်တော့်ဘဝတွင် တန်ဖိုးမဖြတ်နိုင်သော သူငယ်ချင်းမလေး မယ်လီကို ကျွန်တော် သူငယ်ချင်းထက်ပိုသော နှောင်ကြိုးလေးများ တွယ်တာရစ်ပတ်နေမိပြီဆိုတာ ဝန်ခံရပါလိမ့်မည်။ သို့သော် ကျွန်တော့် ဘဝတွင် စည်းတွေ အထပ်ထပ်ခြားနေပါသည်။ ကျွန်တော်နှင့် မယ်လီ့ကြားက စည်းကိုတော့ ကျွန်တော်ကိုယ်တိုင် ရေးဆွဲခဲ့ရလေ၏။

ကျွန်တော်သည် မယ်လီကို ချစ်နေသော်လည်း ဖွင့်ပြောဖို့ဝေးစွ၊ ချစ်နေတာကိုပင် မယ်လီ မရိပ်မိအောင်နေခဲ့သည်။ မယ်လီလည်း ကျွန်တော့်အပေါ် ခံစားချက်ကလေးတွေရှိနေသည်ဆိုတာ မယ်လီ့အမူအရာကလေးတွေကြည့်ကာ တွေ့နိုင်ပါသည်။ ကိုယ့်ဘဝကို နားလည်ရသည်က တစ်ကြောင်း ၊ အရွယ်မရောက်သေးတာက တစ်ဖုံကြောင့် နှလုံးသားတံခါးကို စေ့စေ့ပိတ်ထားကာ ဘဝအတွက်သာရုန်းကန်လှုပ်ရှားခဲ့၏။

အထောင်းအသုပ်ပညာတတ်လာတော့ ကျွန်တော်သည် ရေခဲချောင်ရောင်းရင်း ရှိစုမှတ်စု ငွေကလေးကိုရင်းကာ တွန်းလှည်းကလေးငှားပြီး သင်္ဘောသီးထောင်းနှင့် အချဉ်ပေါင်းရောင်းတော့ သည်။ တက္ကသိုလ်ဝန်းထဲနှင့် အဆောင်ရှေ့များအပြင် လမ်းမပေါ်တို့တွင်လည်း ကျွန်တော့်ရဲ့တွန်း လှည်းကလေး ရှိနေတတ်ပါသည်။ တစ်နေ့ကို ၂၀၀၀၀ဖိုးရင်းလျှင် ၁၀၀၀၀လောက် အသားတင်မြတ်သောကြောင့် သည်အလုပ်သည် မဆိုးလှဟု ထင်ရသည်။ သို့သော် တစ်နေ့လုံး ခြေတိုအောင် လျှောက်ရသောကြောင့် ညောင်းညာကိုက်ခဲကာ ပင်ပန်းလှပါသည်။

ဗွက်အိုင်ထဲက ရွှေဗေဒါWhere stories live. Discover now