ကားပေါ်ကဆင်းလိုက်တာနဲ့ မျက်နှာကိုလာဟပ်တဲ့အပူရှိန်ပြင်းပြင်းကြောင့် ထီးဆောင်းသင့်လားလို့ ရုတ်တရက်တွေးလိုက်မိတယ်
မထူးပါဘူး ဒီတိုင်းပဲသွားရအောင်ပျင်းတယ်
တစ်စက္ကန့်နဲ့တစ်စက္ကန့်ကြားကဦးနှောက်ရဲ့အလုပ်လုပ်ပုံကထူးဆန်းတယ်
အခုပဲထီးဆောင်းရမှာပျင်းနေတာတောင် နောက်တစ်စက္ကန့်မှာ ထီးမဆောင်းမိလို့နောင်တရနေတုန်း
သွားလိုက်လာလိုက်အတွေးတွေနဲ့ နောက်ဆုံးတော့ လှည်းတန်းစင်တာရှေ့ရောက်လာခဲ့တာပါပဲ
"ဟက်ချိုး"
အပူရှပ်ပြီပေါ့ အဲ့လိုပဲတစ်ခါတစ်လေ ကိုယ့်ဘဝက အတိတ်မှာ မကြမ်းတမ်းခဲ့သလိုပဲ ကိုယ်ကမနုချင်တာတောင် ခန္ဓာကိုယ်ကတော့ အထွန့်ကိုတက်ချင်နေပြန်တယ်
"ဟယ်လို ရောက်ပြီလား"
"အင်းရောက်ပြီ"
"ဘယ်နေရာမှာလဲ"
"လှည်းတန်းစင်တာရှေ့မှာ"
"အိုး ok...ခဏလေးစောင့်နော် ကိုယ်ရှာလိုက်မယ် ဘာအရောင်ဝတ်ထားတာလဲ"
"အာ....အပြာရောင်ကို..."
"တွေ့ပြီ"
"ဟေး"
ခေါ်သံနောက်ကိုလှည့်ကြည့်မိတဲ့အချိန် ရင်ထဲကိုသိမ့်ကနဲခံစားလိုက်ရတယ် ဓာတ်လှေကားစီးတိုင်း အောက်ထပ်ဆင်းတဲ့အခါ ခံစားရတဲ့ တလှပ်လှပ်ရင်ခုန်နေတာမျိုး။ ပြီးတော့ လက်ဖျားခြေဖျားတွေကလည်း နည်းနည်းလောက်အေးနေမယ်ထင်တယိ
"ဟေး"
"အရင်ဆုံး ကော်ဖီလေးဘာလေးသောက်မလား အပြင်သွားဖို့ ရာသီဥတုကပူတယ်လေနော်"
"Ok D mateဆိုင်ဘေးက ကော်ဖီဆိုင်သေးသေးလေးရှိတယ် အဲ့ဒီကိုသွားရအောင်"
"အင်း"
ကားလမ်းကူးဖို့အရှေ့ကအရင်သွားလိုက်တဲ့အချိန် သူက နောက်ကနေ လက်မောင်းကိုလှမ်းပုတ်တယ်
"You.. ခဏ...နေပူတယ်"
သဘောကျတယ် တစ်ခါတစ်လေ အမြဲတမ်းအတွေးများနေရတာတွေ လျော့သွားရတာမျိုးကကောင်းသားပဲ