"မသိဘူး ကမ္ဘာပေါ်မှာငါတို့နှစ်ယောက်ပဲကျန်ခဲ့ရင်တောင်ငါနင့်ကိုတော့မတွဲဘူး"
အညာမြေရဲ့ပူလောင်မှုတွေကဒီကောင်မလေးကိုကူးစက်ပုံရတယ်
အသားအရောင်ကညိုညစ်ညစ်ကလေးကိုမှ စိတ်ကလေးကလည်းနည်းနည်းပုပ်သေး
ဆယ်တန်းပြီးခါက နွေရာသီကျောင်းပိတ်ရက်မှာ သူ့ကိုလည်းတစ်မျိုးတစ်ဘာသာမှမဖွင့်ပြောပါပဲ အတင်းကို ခေါင်းတွေရမ်းပြီးငြင်းတယ်
"နင်ဘယ်ကျောင်းတက်မှာလဲ"
"စိတ်မဝင်စားချင်ယောင်ဆောင်ပြီး ခုမှအဲ့လိုမေးလည်းမဖြေပါဘူး"
နှုတ်ခမ်းကိုထော်ပြီး မျက်စောင်းတွေပိတ်ထိုးနေတာ တကယ်ပါပဲ ရုပ်ဆိုးလိုက်တာကွယ်
"နေပေါ့ မပြောလဲ"
ခြေထောက်ချိတ်ထားရင်းတလှုပ်လှုပ်ရမ်းနေရုံကလွဲ ဘာမှမဖြေခဲ့။ ဒီရုပ်ဆိုးဆိုးကောင်မလေးကိုကြည့်လိုက်၊ခွဲခွာရမယ့်အညာမြေကိုကြည့်လိုက်... ရင်တွေပူလိုက်နဲ့ပေါ့
.............................
"နင်ဘာလို့ငါ့ကျောင်းကိုလိုက်လာတာလဲ"
"ဗဟိုစာကြည့်တိုက်လာတာ"
"ဟား...ဟား....ငါ့ကိုလွမ်းရင်လွမ်းတယ်ပေါ့"
"ဟုတ်တယ်ဆိုရင်ရော"
အရင်က ဖြူဖြူစင်စင်လေးဇွတ်ငြင်းတတ်တဲ့သူမက မျက်လုံးတွေလွှဲပြီး ငြိမ်နေလိုက်တာ
"ရင်မခုန်နဲ့ ငါရုပ်ဆိုးဆိုးလေးတွေကို မကြိုက်ဘူး"
သူ့ဘေးနားကသူငယ်ချင်းတွေက အံ့သြနေကြတော့သူကအတင်းကိုလက်ဆွဲပြီး ခေါ်သွားတာပဲ
ငါ့မှာတော့ စာကြည့်တိုက်ထဲ စာအုပ်ထဲလဲစိတ်မရောက်ပဲ ငိုင်တိုင်တိုင်နဲ့...အမြဲတမ်းအတိုထားတတ်တဲ့ဆံပင်လေးတွေကနေ ဆံနွယ်ရှည်ရှည်လေးတွေပြောင်းသွားတာကို ခုထိမှင်သတိနေဆဲ
လက်ထဲကစာအုပ်ကိုပဲဆက်ဖတ်ရမလား....ဒါမှမဟုတ် ငါမသိတဲ့ သူမရဲ့တစ်ဖက်တခြမ်းကို ဖတ်ကြည့်ရမလား
.............................
"ဘာတွေလုပ်နေတာလဲ နင်!"
အရက်ဖြူတစ်ပုလင်းကို တစ်ဝက်ကျိုးအောင်စိန်ပြေနပြေသောက်နေပြီးသား သူမကရီဝေဝေအပြုံးတွေနဲ့...မျက်ဝန်းတွေကလည်းမျက်ရည်တွေအိုင်ထွန်းလို့