အခန်း ၁

3.9K 363 4
                                    

Heavenly wife

အခန်း ၁ : ခုန်ချခြင်း

အကျဉ်းခန်းရဲ့ မှောင်မိုက်အေးစက်တဲ့ ထောင့်တွင် သွယ်လျသည့်ပုံရိပ်လေးက ချမ်း၍တုန်ယင်နေပြီး လူငယ်လေးတစ်ယောက် ဖြစ်သည်။ ထိုလူက ငုံ့ကာ မြေပြင်ပေါ်မှ ကျိုးကျေနေသည့် ကြွေထည်အပိုင်းအစ အချို့ကို ကောက်ယူလိုက်သည်။ ထို့နောက် လက်တစ်ဖက်တွင် ကိုင်ထားရင်း တစ်စုံတစ်ခုကို တိတ်တဆိတ် ရေတွက်နေသကဲ့သို့ အေးခဲမာကျောသည့် ရေခဲနံရံတွင် စည်းချက်ကျကျ ပွတ်တိုက်နေသည်။

ခဏကြာတော့ သွေးနီရောင် သူ့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ဖြေးဖြေးချင်း ကွေးညွှတ်သွားခဲ့သည်။

"မင်းသားလေး ကျေးဇူးပြုပြီး တစ်ခုခုစားလိုက်ပါဦး ဟုတ်ပြီလား" 

ထိုအချိန်တွင် အကျဉ်းခန်းအပြင်ဘက်မှ စိုးရိမ်စိတ်တွေ ပြည့်နှက်ကာ တုန်လှုပ်​နေတဲ့အသံ ထွက်ပေါ်လာသည်။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ထက်ပိုပုံမရတဲ့ ကလေးတစ်ဦးက အချုပ်ခန်းအတွင်းသို့ စားစရာပန်းကန်လုံးတစ်လုံး ယူလာခဲ့သည်။ သူက နောက်ပြန်လှည့်ကြည့်ရင်း စိတ်မသက်မသာနဲ့ တိုးတိုးလေးပြောလိုက်သည်။ 

"မင်းသားလေး"

"ဟွားချန်လား" 

ဖုန်းယန်က မတ်တပ်ထရပ်လိုက်ပြီး အားသွန်ခွန်စိုက် ရွေ့လျားကာ အချုပ်ခန်းတံခါးဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး မှိန်ဖျော့ဖျော့ အလင်းရောင် အနည်းငယ်အောက်တွင် အစေခံလေးကို တွေ့ပြီးနောက် မေးလိုက်သည်။  "မင်းဘာလို့ဒီကိုရောက်နေတာလဲ"

"ကျွန်တော်မျိုး အရှင့်သားကို စားစရာတစ်ခုခု ယူလာပေးချင်လို့ပါ။ ဒါပေမယ့် မြန်မြန်ပြန်မှ ရမယ်။ တစ်ယောက်ယောက်က အရှင့်သားအတွက် အစားအသောက် ယူလာပေးတယ်လို့ သူတို့သိရင်__ " 

စကားမဆုံးခင်မှာပဲ လေဖိအားနည်းရပ်ဝန်းမှ ထွက်လာပုံရတဲ့ အားက သူ့ဘယ်ဘက်ပခုံးကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

ကလန်!!

ဖုန်းယန် မယူလိုက်ရသေးတဲ့ စားစရာတွေက မြေပြင်ပေါ် ပြန့်ကျဲသွားခဲ့သည်။

ကောင်းကင်ဘုံချစ်ဇနီး (Completed)Where stories live. Discover now