အခန်း ၂

2.3K 309 13
                                    

Heavenly Wife

Unicode

အခန်း ၂: ရင်တုန်စရာ

တခြားသူတွေထက် စာသင်ခန်းထဲကို အရင်ရောက်လာတဲ့ ကျောင်းသားအချို့က ချီဇယ်အထဲမှာ ရှိနေတာကိုမြင်လိုက်ကြသည်။ သူ့မျက်နှာက သိပ်မကောင်းပေ။သူတို့ထဲက တစ်ယောက်က စပ်စုလိုက်သည်။ 

 "ချီဇယ် မင်းအောက်ဆင်းမကြည့်ဘူးလား"

"ဘာလုပ်ဖို့ဆင်းရမှာလဲ။ တက်လိုက်၊ဆင်းလိုက်နဲ့  ဒုက္ခများတာပဲရှိတယ်"

ချီဇယ်က သူ့အတန်းဖော်တွေ စိုက်ကြည့်နေတာကို ရှောင်လိုက်ပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ 

"ပြီးတော့ ဖြစ်စဉ်တစ်ခုလုံးကို ဒီနေရာကနေ  မြင်ရတယ်လေ။ အောက်ဆင်းသွားတာကမှ နည်းနည်းပဲ မြင်ရနိုင်တယ်။ မင်းတို့ကျ နောက်တစ်ခါ ပြန်တက်လာစရာလည်း လိုတယ်မဟုတ်ဘူးလား။ တုံးလိုက်တာ!"

"အဲဒါကအဓိက မဟုတ်လေ။ မင်း ဘယ်လိုများ ဒီလို ပြောနိုင်ရတာလဲ။ ဒီက လူအားလုံးက အတန်းဖော်တွေပဲလေ" 

စာသင်ခန်းထဲဝင်လာတဲ့ ကျောင်းကောင်စီအဖွဲ့ဝင်က ချီဇယ်ပြောတာကို နားမထောင်ထိုက်ဟု ခံစားမိလိုက်သည်။ ချီဇယ်နှင့် ဖုန်းယန်တို့ တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးကြတာကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း သူတို့က အတန်းတူတာ နှစ်အတော်ကြာပြီဖြစ်သည်။

"ထားလိုက်ပါ သူကအဲ့လိုပဲ" 

အတန်းခေါင်းဆောင်က ကျောင်းကောင်စီအဖွဲ့ဝင်ကို ဆွဲကာ ရပ်ဖို့တားလိုက်သည်။ ချီဇယ်က သူတို့ကျောင်းရှိ ကျောင်းသားတွေနှင့် ကွဲပြားခြားနားသည့် အမျိုးအစားတွင် ပါဝင်ပါသည်။ သူက စာကောင်းကောင်းမလေ့လာဘဲ မိသားစု အဆက်အသွယ်ကြောင့်သာ ကျောင်းသို့ ဝင်ရောက်နိုင်ခဲ့ကာ လူမှုဆက်ဆံရေး ပြေပြစ်သူလည်း မဟုတ်သလို သူ့ရဲ့ကျော်ကြားမှုကလည်း မမြင့်မားပေ။ ကျန်တဲ့ကျောင်းသားတွေ လျှောက်တဲ့လမ်း အတိုင်း သူ မလျှောက်နိုင်ပေ။

ကျောင်းကောင်စီအဖွဲ့ဝင်တောင်မှ သူ့ မိသားစုရဲ့အဆက်အသွယ်ဖြင့် ကျောင်းသို့ ဝင်ခဲ့သော်လည်း ထိုအချိန်မှစ၍ သူက အဆင့်ကောင်းတွေကို ဆက်ထိန်းထားဖို့ ခက်ခက်ခဲခဲလေ့လာခဲ့တာကြောင့် ချီဇယ်နှင့် ယခုလိုပြောဆိုရဲတာဖြစ်သည်။

ကောင်းကင်ဘုံချစ်ဇနီး (Completed)Donde viven las historias. Descúbrelo ahora