Ep.2Unicode

117 11 2
                                    


ကားပေါ်ရောက်သည်နှင့် ရှောင်းကျန့် သက်ပြင်းချကာ'' တင်းမန် ဒီနေ့တက်လာတဲ့ videoမှန်သမျှ အကုန်ဖြတ်ချ...''

driver နေရာက တင်းမန်က အလိုက်သိစွာ
''ဟုတ်ကဲ့ သခင်လေး....''

စောနက သခင်လေးက လူကြားထဲ သေနတ်နဲ့ချိန်လိုက်တာ သူလည်းတွေ့ပါသည်။ သိသာသိ ​မမြင်စေနဲ့ ဆိုသလို ဇယားတွေလာရှုတ်မှာစိုးလို့ပင်....

ရှောင်းသခင်ကြီးက သူ့တပည့်တွေပြောပြလို့
ကုန်တိုက်မှာ ဖြစ်ပျက်ခဲ့သမျှ အကုန်သိပြီးပြီဖြစ်ကာ...သူ့သားအတွက် အလွန်စိတ်ပူမိသည်။ ဧည့်ခန်းထဲ ဟိုလျှောက်ဒီလျှောက် လုပ်နေကာ ကားသံကြားပြီး မကြာလိုက်
ရှောင်းကျန့်က စူပုတ်ပြီး စောင့်အောင့်ကာ အိမ်ထဲဝင်လာ၏....

''ပါးပါး...သိပြီးပြီမလား....''

''အင်း...ကလေးအဖေက one night stand မဟုတ်လို့တော်သေးတယ်...'' ဝမ်ရိပေါ်ရဲ့အရည်အချင်းရော အပြစ်ဆိုစရာမရှိတဲ့ ရုပ်ရည်ကို သိတာမလို့ သက်မချမိတော့သည်။

ထိုအခါ ​ရှောင်းကျန့်က သူ့ပါးပါးကို မျက်လုံးလှန်ကာကြည့်၏...

''ပါးပါး...အဲ့ကောင်လေးကို အကောင်းမြင်နေတာမလား....''

သူ့သားလေးရဲ့ ရန်တွေ့တာကို မမှုလျက် ရယ်၏'' မဟုတ်ပါဘူးကွာ...ပါးပါးက ကိုယ့်သားလေးကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကို... ကြည့်လို့ကိုမရတာကွာ....တွေ့ရင်တောင် ဆွဲထိုးပစ်ချင်တာ....''

အဲ့တော့မှ ရှောင်းကျန့်က သဘောကျသွားကာပြုံးပြီး ''ပါးပါးက အကောင်းဆုံးပဲ....ရွှတ်....''

ပါးပါးရဲ့ပါးတစ်ဖက် အာဘွားလုပ်ပြီး အိမ်ပေါ်ထပ်သို့ ပြေးတက်မိတော့
ေနာက်က ပါးပါးရဲ့ ''ဖြေးဖြေး....ကလေးရှိနေတာကို ကျန့်ကျန့်လေး''

''ဟုတ်...မေ့သွားတာ.ပါးပါး...'' ထိုအခါမှ ဖြေးညှင်းစွာ လှေခါးကနေတက်ပြီး အခန်းထဲဝင်၏....

အခန်းထဲမှာ တင်းမန်လာထားသွားတဲ့ ကလေးအသုံးအဆောင်တွေ...အထုပ်တွေကို မြင်တော့ ရင်ခုန်စိတ်လှုပ်ရှားမိ၏....

အကျီ်လက်ကို တံတောင်ဆစ်ထိ ခေါက်တင်ကာ....အဝတ်အစားထုတ်တွေအလယ်ဝယ် တင်ပြင်ခွေထိုင်ချ၏....

က်ိုယ့်ရဲ့ရှင်ဘုရင်🍀🍀🍀Where stories live. Discover now