Ep.3Unicode.

125 10 2
                                    

မြောက်ပိုင်းနယ်စပ်၌...

တောင်ပေါ်မှာ သစ်မွှေးအိမ်လေး တစ်အိမ်သာ ထီးထီးကြီးရှိနေသည်။ တောင်ရဲ့အကျယ်ဝန်းက ဆယ်မိုင်ခန့်ရှိကာ အမြင့်ပေ၃၀၀ ခန့်မြင့်သည်။

သစ်မွှေးနဲ့ တစ်အိမ်လုံးကို ဆောက်ထားပြီး ရေနံချေးတွေအထပ်ဖပ်သုတ်လိမ်းထားကာနက်စွေးနေပြီး နှစ်အတော်ကြာကတည်းက ဆောက်လုပ်ထားတဲ့ ဘိုးဘွားပိုင် သစ်မွှေးအိမ်ဖြစ်၏...

ထိုတောင်ကို မရဏတောင်ဟု ဘေးပတ်ဝန်းကျင်ရွာသားများက ခေါ်ဆိုကြသည်။ ပိုင်ရှင်တွေကတော့ တစ်နှစ် တစ်ခါသာ လာကြပြီး ဆယ့်နှစ်လ လုံးလုံး မရဏတောင်ရဲ့ ပတ်ပတ်လည်မှာ ရှောင်းသခင်ကြီးရဲ့ တပည့်တွေ လက်နက်ကိုင်ကာ စောင့်လေ့ရှိကြသည်။

လက်နက်ကိုင်အစောင့်တွေက ရွာထဲလည်းသွားမရှုတ်ကြဘဲ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ရွာသားတွေကို ဘာဒုက္ခမှလည်း မပေးကြဘူး။ ဒါကြောင့်လည်း ရိုးသားတဲ့ရွာသားတွေဟာ သူတို့ကိုဂရုမစိုက်တော့ဘဲ ထိုမူစွန်းရွာလေးမှာ အလွန်အေးချမ်းနေတက်သည်။

ယခုမူ ရှေ့ရက်ကပဲ  ရှောင်းသခင်ကြီး ပြန်ရောက်နေကာ ဂိုဏ်းသားတွေမှာ အလုပ်ရှုတ်နေတော့၏။ ထိုနေ့က ရှောင်းသခင်ကြီးက မဏရတောင်ရဲ့ ခေါင်းဆောင် ဖေးကျန်းရီက' တစ်ဖက်နိုင်ငံကိုပို့တဲ့ ဘိန်းဖြူတွေ ဖြတ်လုခံလိုက်ရသည်'
ဟု သတင်းရတာနှင့် မရဏတောင်ကို အမြန်လာခဲ့သည်။ အိမ်မှာ ရှောင်းကျန့်နှင့် ဝမ်နင်ကို ထားခဲ့ကာ အစောင့်အနည်းငယ်နှင့် ထားခဲ့ရသည်။

သူရောက်ပြီး နောက်ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ရဲ့အနီးနားက ရွာတစ်ချို့နေအိမ်တွေ ပြိုကျပျက်စီးကုန်သည်။ ရွာလေးမှာ ရွာလူကြီးနဲ့ ဆယ်အိမ်မှူး ရာအိမ်မှူးတွေရှိပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရှိအစိုးရကို ဆက်သွယ်ကာ ကူညီမှုတောင်းခံပေမဲ့ မည်သည့်တာဝန်ရှိသူမှ အကြောင်းမပြန်ကြပေ။

သူက ရောက်ရောက်ခြင်း တစ်ဖက်ဂိုဏ်းက်ို ပါသွားတဲ့ဆေးတွေ ပြန်ယူဖို့ အလုပ်ရှုတ်နေတာနလို့ ရွာကအိမ်အချို့ ထိခိုက်ပျက်စီးတဲ့အကြောင်းကို ၃ရက်လောက်ကျော်လွန်မှ သိလိုက်ရ၏...

က်ိုယ့်ရဲ့ရှင်ဘုရင်🍀🍀🍀Where stories live. Discover now